[Zawgyi]
Mobile World Congress (MWC) 2019 က ေဖေဖာ္ဝါရီလ ၂၅ရက္ေန႔မွ စတင္က်င္းပမွာ ဆိုေပမယ့္ Xiaomi, Huawei, Nokia နဲ႔ တျခား စမတ္ဖုန္း ကုမၸဏီအမ်ားစု သူတို႔ရဲ႕ ထုတ္ကုန္ေတြကို ေဖေဖာ္ဝါရီလ ၂၄ရက္ေန႔ (ဒီေန႔) ကတည္းက စတင္မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ Xiaomi အေနနဲ႔ MWC 2019 မွာ 5G Phone, Foldable Phone နဲ႔ Mi 9, Mi 9 SE, Mi 9 Transparent Editon တို႔ရဲ႕ Global ဗားရွင္းေတြကို မိတ္ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါ့အျပင္ Lifestyle ထုတ္ကုန္ေတြကိုလည္း မိတ္ဆက္လာႏိုင္ပါတယ္။
Xiaomi Mi 9
Mi 9 ဟာ Snapdragon 855, 20W Wireless Charging, 48MP Camera နဲ႔ In-Display Fingerprint Sensor (5th Gen) တို႔လိုမ်ိဴး Feature အသစ္အဆန္းေတြနဲ႔ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ RAM 6GB + Storage 128GB နဲ႔ RAM 8GB + Storage 128GB ဆိုၿပီး ၂မ်ိဴးေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ တ႐ုတ္ႏိုင္ငံမွာ Mi 9 ရဲ႕ အေျခခံေမာ္ဒယ္ကို တ႐ုတ္ေငြ ၂၉၉၉ ယြမ္ (ျမန္မာေငြ ၆၈၀,၀၀၀ ဝန္းက်င္)နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ MWC 2019 မွာလည္း Mi 9 ရဲ႕ Global ဗားရွင္းကို မိတ္ဆက္လာႏိုင္တာေၾကာင့္ ဘာေတြေျပာင္းလဲသြားမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။
Xiaomi Mi 9 SE
Mi 9 SE ဟာ Snapdragon 712, 18W Fast Charging, 48MP Camera နဲ႔ In-Display Fingerprint Sensor ေတြနဲ႔ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ RAM 6GB + Storage 64GB နဲ႔ RAM 6GB + Storage 128GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားပါတယ္။ Storage 64GB ဗားရွင္းက တ႐ုတ္ေငြ ၁၉၉၉ ယြမ္ (ျမန္မာေငြ ၄သိန္းခြဲ ဝန္းက်င္) က်သင့္ၿပီး Storage 128GB ဗားရွင္းက တ႐ုတ္ေငြ ၂၂၉၉ ယြမ္ (ျမန္မာေငြ ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။ Mi 9 SE ရဲ႕ Global ဗားရွင္းကိုလည္း MWC 2019 မွာ ျမင္ေတြ႕ႏိုင္ပါတယ္။
Xiaomi Mi 9 Transparent Edition
Mi 9 TE ကေတာ့ Mi 9 မွာ မရရွိႏိုင္တဲ့ RAM 12GB + Storage 256GB , 48MP (Aperture f/1.47, 7P Lens) ေတြနဲ႔ အတူ ပြဲထြက္ခဲ့တာျဖစ္ၿပီး ထိုးေဖာက္ျမင္ႏိုင္တဲ့ ဒီဇိုင္းမ်ိဴး ဖန္တီးထားတာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ Mi 9 TE ကို တ႐ုတ္ေငြ ၃၉၉၉ ယြမ္ (ျမန္မာေငြ ၉သိန္း ဝန္းက်င္) နဲ႔ ေရာင္းခ်ေနတာ ျဖစ္ပါတယ္။ Mi 8 Explore Edition မွာတုန္းက Global ဗားရွင္းမထြက္ခဲ့ေပမယ့္ Mi 9 Transparent Edition မွာေတာ့ Global ထြက္ႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
Xiaomi ရဲ႕ MWC 2019 ပြဲေတာ္မွာ Mi 9 Series Global ဗားရွင္းေတြအျပင္ Mi MIX 3 (5G) ဗားရွင္းနဲ႔ ၂ဖက္ေခါက္ခ်ိဴးလို႔ ရတဲ့ ၂ေခါက္ခ်ိဴး Foldable ဖုန္းေတြကိုလည္း ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။
Ref: Indiatoday
[Unicode]
MWC 2019 မှာ မြင်တွေ့နိုင်ဖွယ်ရှိတဲ့ Xiaomi ထုတ်ကုန်များ
Mobile World Congress (MWC) 2019 က ဖေဖော်ဝါရီလ ၂၅ရက်နေ့မှ စတင်ကျင်းပမှာ ဆိုပေမယ့် Xiaomi, Huawei, Nokia နဲ့ တခြား စမတ်ဖုန်း ကုမ္ပဏီအများစု သူတို့ရဲ့ ထုတ်ကုန်တွေကို ဖေဖော်ဝါရီလ ၂၄ရက်နေ့ (ဒီနေ့) ကတည်းက စတင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Xiaomi အနေနဲ့ MWC 2019 မှာ 5G Phone, Foldable Phone နဲ့ Mi 9, Mi 9 SE, Mi 9 Transparent Editon တို့ရဲ့ Global ဗားရှင်းတွေကို မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် Lifestyle ထုတ်ကုန်တွေကိုလည်း မိတ်ဆက်လာနိုင်ပါတယ်။
Xiaomi Mi 9
Mi 9 ဟာ Snapdragon 855, 20W Wireless Charging, 48MP Camera နဲ့ In-display Fingerprint Sensor ( 5th Gen) တို့လိုမျိူး Feature အသစ်အဆန်းတွေနဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ RAM 6GB + Storage 128GB နဲ့ RAM 8GB + Storage 128GB ဆိုပြီး ၂မျိူးရွေးချယ်ဝယ်ယူနိုင်မှာပါ။ တရုတ်နိုင်ငံမှာ Mi 9 ရဲ့ အခြေခံမော်ဒယ်ကို တရုတ်ငွေ ၂၉၉၉ ယွမ် (မြန်မာငွေ ၆၈၀,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ MWC 2019 မှာလည်း Mi 9 ရဲ့ Global ဗားရှင်းကို မိတ်ဆက်လာနိုင်တာကြောင့် ဘာတွေပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
Xiaomi Mi 9 SE
Mi 9 SE ဟာ Snapdragon 712, 18W Fast Charging, 48MP Camera နဲ့ In-display Fingerprint Sensor တွေနဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ RAM 6GB + Storage 64GB နဲ့ RAM 6GB + Storage 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပါတယ်။ Storage 64GB ဗားရှင်းက တရုတ်ငွေ ၁၉၉၉ ယွမ် (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်) ကျသင့်ပြီး Storage 128GB ဗားရှင်းက တရုတ်ငွေ ၂၂၉၉ ယွမ် (မြန်မာငွေ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ Mi 9 SE ရဲ့ Global ဗားရှင်းကိုလည်း MWC 2019 မှာ မြင်တွေ့နိုင်ပါတယ်။
Xiaomi Mi 9 Transparent Edition
Mi 9 TE ကတော့ Mi 9 မှာ မရရှိနိုင်တဲ့ RAM 12GB + Storage 256GB , 48MP (Aperture f/1.47, 7P Lens) တွေနဲ့ အတူ ပွဲထွက်ခဲ့တာဖြစ်ပြီး ထိုးဖောက်မြင်နိုင်တဲ့ ဒီဇိုင်းမျိူး ဖန်တီးထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ Mi 9 TE ကို တရုတ်ငွေ ၃၉၉၉ ယွမ် (မြန်မာငွေ ၉သိန်း ဝန်းကျင်) နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ Mi 8 Explore Edition မှာတုန်းက Global ဗားရှင်းမထွက်ခဲ့ပေမယ့် Mi 9 Transparent Edition မှာတော့ Global ထွက်နိုင်တယ်လို့ မျှော်လင့်ရပါတယ်။
Xiaomi ရဲ့ MWC 2019 ပွဲတော်မှာ Mi 9 Series Global ဗားရှင်းတွေအပြင် Mi MIX 3 (5G) ဗားရှင်းနဲ့ ၂ဖက်ခေါက်ချိူးလို့ ရတဲ့ ၂ခေါက်ချိူး Foldable ဖုန်းတွေကိုလည်း မြင်တွေ့ရဖွယ် ရှိနေပါတယ်။
Ref : Indiatoday