Unicode

Xiaomi ရဲ့ Gaming Phone Series ဖြစ်တဲ့ Black Shark Gaming Phone တွေဟာ အခုဆိုရင် ဖုန်း ၄ လုံးအထိတောင် ထွက်ရှိထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာလည်း မကြာခင် Black Shark 3 ဖုန်းသစ်ပါ ထွက်ရှိလာတော့မှာပါ။

Xiaomi ရဲ့ ဒီ Black Shark 3 Gaming Phone အသစ်က မကြာသေးခင်တုန်းက RAM 16GB နဲ့ 5G Connectivity ပါဝင်လာမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ထားသလို အခုလည်း နောက်ထပ်သတင်းတစ်ခုက ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Black Shark 3 ရဲ့ Screen Resolution, Refresh Rate နဲ့ သက်ဆိုင်တဲ့ ဓါတ်ပုံတွေပေါက်ကြားလာတာဖြစ်ပါတယ်။

အခုသတင်းအရ Xiaomi Black Shark 3 စမတ်ဖုန်းဟာ Quad HD Resolution Display အပြင် Refresh Rate ကိုလည်း 120Hz ကို Support ပြုလုပ်လာမှာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့လည်း Full HD နဲ့ QHD Resolution ကို ရွေးချယ်နိုင်သလို Refresh Rate ကိုလည်း 60Hz ၊ 90Hz နဲ့ 120Hz ဆိုပြီး ရွေးချယ်နိုင်မှာပါ။

အဲ့ဒီအတွက် Black Shark 3 Gaming Phone ဟာ လက်ရှိ ASUS ROG Phone 2 နဲ့ တူညီတဲ့ Display ကို ရရှိလာမှာဖြစ်ပြီးတော့ လက်ရှိ 120Hz စမတ်ဖုန်းတွေဖြစ်လာမယ့် Xiaomi Mi 10 Pro ၊ Samsung Galaxy S20 Series နဲ့ OnePlus 8 Series တို့နဲ့ အပြိုင်ဖြစ်လာမှာပါ။ Gaming Phone တစ်လုံးဖြစ်တဲ့အတွက် Black Shark 3 ဟာ Qualcomm Snapdragon 865 Processor ၊ Liquid Cooling System နဲ့ ပိုပြီးကြီးမားတဲ့ Battery ပါလာဖို့ကတော့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။

Ref – GSM Arena

Zawgyi

Xiaomi ရဲ႕ Gaming Phone Series ျဖစ္တဲ့ Black Shark Gaming Phone ေတြဟာ အခုဆိုရင္ ဖုန္း ၄ လုံးအထိေတာင္ ထြက္ရွိထားၿပီးျဖစ္ပါတယ္။ အခုအခ်ိန္မွာလည္း မၾကာခင္ Black Shark 3 ဖုန္းသစ္ပါ ထြက္ရွိလာေတာ့မွာပါ။

Xiaomi ရဲ႕ ဒီ Black Shark 3 Gaming Phone အသစ္က မၾကာေသးခင္တုန္းက RAM 16GB နဲ႔ 5G Connectivity ပါဝင္လာမယ္ဆိုၿပီး သတင္းေတြထြက္ေပၚခဲ့ထားသလို အခုလည္း ေနာက္ထပ္သတင္းတစ္ခုက ထပ္မံထြက္ေပၚလာခဲ့ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ Black Shark 3 ရဲ႕ Screen Resolution, Refresh Rate နဲ႔ သက္ဆိုင္တဲ့ ဓါတ္ပုံေတြေပါက္ၾကားလာတာျဖစ္ပါတယ္။

အခုသတင္းအရ Xiaomi Black Shark 3 စမတ္ဖုန္းဟာ Quad HD Resolution Display အျပင္ Refresh Rate ကိုလည္း 120Hz ကို Support ျပဳလုပ္လာမွာျဖစ္ပါတယ္။ အသုံးျပဳသူေတြအေနနဲ႔လည္း Full HD နဲ႔ QHD Resolution ကို ေ႐ြးခ်ယ္ႏိုင္သလို Refresh Rate ကိုလည္း 60Hz ၊ 90Hz နဲ႔ 120Hz ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မွာပါ။

အဲ့ဒီအတြက္ Black Shark 3 Gaming Phone ဟာ လက္ရွိ ASUS ROG Phone 2 နဲ႔ တူညီတဲ့ Display ကို ရရွိလာမွာျဖစ္ၿပီးေတာ့ လက္ရွိ 120Hz စမတ္ဖုန္းေတြျဖစ္လာမယ့္ Xiaomi Mi 10 Pro ၊ Samsung Galaxy S20 Series နဲ႔ OnePlus 8 Series တို႔နဲ႔ အၿပိဳင္ျဖစ္လာမွာပါ။ Gaming Phone တစ္လုံးျဖစ္တဲ့အတြက္ Black Shark 3 ဟာ Qualcomm Snapdragon 865 Processor ၊ Liquid Cooling System နဲ႔ ပိုၿပီးႀကီးမားတဲ့ Battery ပါလာဖို႔ကေတာ့ က်ိန္းေသသေလာက္ျဖစ္ေနပါၿပီ။

Ref – GSM Arena