TRA Brand Trust Report 2020 အရ Xiaomi ဟာ အိန္ဒိယရဲ့ နံပါတ် ၁ အယုံကြည်ရဆုံး Brand ဖြစ်လာပါတယ်။ Xiaomi ဟာ အယုံကြည်ရဆုံး စမတ်ဖုန်း Brand ဖြစ်လာသလို ထုတ်ကုန်မျိုးစုံအတွက်လည်း နံပါတ် ၂ အယုံကြည်ရဆုံး Brand ဖြစ်လာပါတယ်။
TRA Brand Trust Report ကို နှစ်စဉ် ထုတ်ပြန်လေ့ရှိပြီး အခုနှစ်ကတော့ ၁၀ ကြိမ်မြောက် ဖြစ်ပါတယ်။ အိန္ဒိယရဲ့ မြို့ပေါင်း ၁၆ မြို့က Brand ပေါင်း ၈ ထောင်ကျော်ထဲက အခုလို ရွေးချယ်ပေးလိုက်တာပါ။ Xiaomi India က “ ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်တွေ၊ မြင့်မားတဲ့ အရည်အသွေးတွေနဲ့ သုံးစွဲသူတွေအတွက် ပိုကောင်းအောင် အမြဲကြိုးစားနေပါတယ်။ သုံးစွဲသူတွေ ယုံကြည်မှုရအောင် ကြိုးစားပေးတာကြောင့် အိန္ဒိယမှာ အောင်မြင်နေတာပါ။” လို့ အခု စစ်တမ်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောပါတယ်။
Xiaomi India Managing Director ဖြစ်သူ Manu Jain က “ ယုံကြည်မှုကို အချိန်နဲ့အမျှ တည်ဆောက်ခဲ့သလို သုံးစွဲသူ အတွက် ပထမ ဦးစားပေး ကုမ္ပဏီ ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ Fans တွေ စိတ်ချမ်းသာဖို့ အမြဲ ဦးထိပ်ထားခဲ့ပြီး အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနေပါတယ်။ ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ နောက်ဆုံးထုတ် နည်းပညာ ပါတဲ့ထုတ်ကုန်တွေကို အသက်သာဆုံး ဈေးနဲ့ အိန္ဒိယမှာ ရောင်းချပေးခဲ့ပါတယ်။ ထုတ်ကုန် အမျိုးအစား ပိုမို စုံလင်အောင်လည်း ပြုလုပ်ပေးနေပါတယ်။ “ လို့ ပြောပါတယ်။
Xiaomi ဟာ ၂၀၁၄ ခုနှစ်မှာ အိန္ဒိယကို နယ်ချဲ့လာခဲ့ပြီး အခုဆိုရင် ဈေးကွက် ဦးဆောင်သူ ဖြစ်လာပါပြီ။ TRA အကြောင်းပြောရရင် သုံးစွဲသူတွေနဲ့ Brand တွေကို သုတေသန ပြုလုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ TRA ရဲ့ စစ်တမ်းအရ Xiaomi ဟာ အိန္ဒိယမှာ အောင်လံခိုင်ခိုင် စိုက်ထူနိုင်နေပြီဆိုတာ သက်သေပြနေပါတယ်။
Ref : gizmochina