[Unicode]

Foldable ဖုန်းနဲ့ပတ်သက်တဲ့ Xiaomi ရဲ့ သတင်းတွေကတော့ ထွက်နေခဲ့တာ ကြာပါပြီ။ ၂၀၁၉ နှစ်ဦးပိုင်းကတည်းက သတင်းထွက်လာခဲ့တာ အခု နောက်ဆုံးလကိုတောင် ရောက်လာပါပြီ။ အခုထိပြစရာဆိုလို့ ဇန်နဝါရီ လကုန်ပိုင်းလောက်က ထွက်ပေါ်လာတဲ့ Lin Bin သုံးနေတဲ့ Prototype ကိုပဲ ပြစရာ ရှိခဲ့တာပါ။

Budget တွေ၊ Mid-ranger တွေကို အတန်ဆုံးဈေးနှုန်းနဲ့ ထုတ်လုပ်ရောင်းချရင်းနာမည်ရလာတဲ့ တရုတ်အခြေစိုက် ကုမ္ပဏီဟာ ပရီမီယံထုတ်ကုန်တွေဆီလည်း ခြေဦးလှည့်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ကုမ္ပဏီရဲ့ ပုံရိပ်ကို နောက်တစ်ဆင့် မြှင့်ဖို့အတွက် Foldable ကိုလည်း ထုတ်လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Xiaomi ဟာ Mi Mix Alpha ကို ထုတ်ပြခဲ့ပေမယ့် ဒါဟာ Foldable ဖုန်းလို့ ပြောဖို့ခက်ပါတယ်။ အထူးသဖြင့် Foldable ဖုန်းရဲ့ လက္ခဏာတွေ ပါဝင်နေခြင်းမရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့ Foldable ဖုန်း စစ်စစ်ကို ထုတ်ပြရဦးမှာပါ။ အခုလည်း Xiaomi ရဲ့ Foldable ဖုန်း မူပိုင်ခွင့်ပုံစံကို တွေ့မြင်လာရပြန်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ရဲ့ နှစ်ဝက်လောက်မှာ Xaiomi ဟာ Foldable ဖုန်းပုံစံကို မူပိုင်ခွင့်တင်ခဲ့တာပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှာတော့ ဒီစာရွက်စာတမ်းတွေကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။ လက်ရှိမြင်တွေ့ရတဲ့ မူပိုင်ခွင့်ပုံစံအရ Device ဟာ ဘေးဘက်ကို ဆွဲထုတ်ရတဲ့ဒီဇိုင်းမျိုးဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိမြင်တွေ့နေရတဲ့ Foldable ဖုန်းတွေနဲ့ ဒီဇိုင်းအယူအဆချင်း မတူတာကတော့ စိတ်ဝင်စားစရာပါပဲ။

အမှန်တကယ်သာ ဒီပုံစံအတိုင်းထွက်လာမယ်ဆိုရင်တော့ Foldable ဖုန်းတွေထဲမှာ အကောင်းဆုံးဒီဇိုင်းတောင် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပြောနေကျစကားကိုပဲ ထပ်ပြောရမယ်ဆိုရင်တော့ “မူပိုင်ခွင့် ဒီဇိုင်းဟာ၊ မူပိုင်ခွင့်ဒီဇိုင်းပါပဲ။ လက်တွေ့ထုတ်လုပ်ပြီးသား မဟုတ်ပါဘူး” ဒါကြောင့် ဒီမူပိုင်ခွင့်ဒီဇိုင်းက လက်တွေ့အသုံးပြုနိုင်တဲ့ Foldable ဖုန်းတစ်လုံးအဖြစ် ပေါ်ထွက်လာမလားဆိုတာကို ဆက်ပြီးစောင့်ကြည့်ကြရဦးမှာပါ။

Ref: Gizmochina

[Zawgyi]

မ်က္ႏွာျပင္ကို ေဘးဘက္ဆြဲခ်ဲ႕ႏိုင္တဲ့ဒီဇိုင္းနဲ႔ Foldable ဖုန္းပုံစံ မူပိုင္ခြင့္ တင္ထားတဲ့ Xaiomi

Foldable ဖုန္းနဲ႔ပတ္သက္တဲ့ Xiaomi ရဲ႕ သတင္းေတြကေတာ့ ထြက္ေနခဲ့တာ ၾကာပါၿပီ။ ၂၀၁၉ ႏွစ္ဦးပိုင္းကတည္းက သတင္းထြက္လာခဲ့တာ အခု ေနာက္ဆုံးလကိုေတာင္ ေရာက္လာပါၿပီ။ အခုထိျပစရာဆိုလို႔ ဇန္နဝါရီ လကုန္ပိုင္းေလာက္က ထြက္ေပၚလာတဲ့ Lin Bin သုံးေနတဲ့ Prototype ကိုပဲ ျပစရာ ရွိခဲ့တာပါ။

Budget ေတြ၊ Mid-ranger ေတြကို အတန္ဆုံးေဈးႏႈန္းနဲ႔ ထုတ္လုပ္ေရာင္းခ်ရင္းနာမည္ရလာတဲ့ တ႐ုတ္အေျခစိုက္ ကုမၸဏီဟာ ပရီမီယံထုတ္ကုန္ေတြဆီလည္း ေျခဦးလွည့္ခဲ့တာ ၾကာပါၿပီ။ ဒါေပမယ့္ ကုမၸဏီရဲ႕ ပုံရိပ္ကို ေနာက္တစ္ဆင့္ ျမႇင့္ဖို႔အတြက္ Foldable ကိုလည္း ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

Xiaomi ဟာ Mi Mix Alpha ကို ထုတ္ျပခဲ့ေပမယ့္ ဒါဟာ Foldable ဖုန္းလို႔ ေျပာဖို႔ခက္ပါတယ္။ အထူးသျဖင့္ Foldable ဖုန္းရဲ႕ လကၡဏာေတြ ပါဝင္ေနျခင္းမရွိဘူးလို႔ ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ Xiaomi အေနနဲ႔ Foldable ဖုန္း စစ္စစ္ကို ထုတ္ျပရဦးမွာပါ။ အခုလည္း Xiaomi ရဲ႕ Foldable ဖုန္း မူပိုင္ခြင့္ပုံစံကို ေတြ႕ျမင္လာရျပန္ၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ရဲ႕ ႏွစ္ဝက္ေလာက္မွာ Xaiomi ဟာ Foldable ဖုန္းပုံစံကို မူပိုင္ခြင့္တင္ခဲ့တာပါ။ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၆ ရက္မွာေတာ့ ဒီစာ႐ြက္စာတမ္းေတြကို အတည္ျပဳခဲ့ၿပီးျဖစ္ေၾကာင္း ထုတ္ေဖာ္ျပသခဲ့ပါတယ္။ လက္ရွိျမင္ေတြ႕ရတဲ့ မူပိုင္ခြင့္ပုံစံအရ Device ဟာ ေဘးဘက္ကို ဆြဲထုတ္ရတဲ့ဒီဇိုင္းမ်ိဳးျဖစ္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။ လက္ရွိျမင္ေတြ႕ေနရတဲ့ Foldable ဖုန္းေတြနဲ႔ ဒီဇိုင္းအယူအဆခ်င္း မတူတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

အမွန္တကယ္သာ ဒီပုံစံအတိုင္းထြက္လာမယ္ဆိုရင္ေတာ့ Foldable ဖုန္းေတြထဲမွာ အေကာင္းဆုံးဒီဇိုင္းေတာင္ ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ ေျပာေနက်စကားကိုပဲ ထပ္ေျပာရမယ္ဆိုရင္ေတာ့ “မူပိုင္ခြင့္ ဒီဇိုင္းဟာ၊ မူပိုင္ခြင့္ဒီဇိုင္းပါပဲ။ လက္ေတြ႕ထုတ္လုပ္ၿပီးသား မဟုတ္ပါဘူး” ဒါေၾကာင့္ ဒီမူပိုင္ခြင့္ဒီဇိုင္းက လက္ေတြ႕အသုံးျပဳႏိုင္တဲ့ Foldable ဖုန္းတစ္လုံးအျဖစ္ ေပၚထြက္လာမလားဆိုတာကို ဆက္ၿပီးေစာင့္ၾကည့္ၾကရဦးမွာပါ။

Ref: Gizmochina