တရုတ်မှာ မိတ်ဆက်မယ့် ဒိတ်ဒိတ်ကြဲ ထုတ်ကုန်အသစ်တွေကို နောက်ဆုတ်မယ်လို့ သိရပါတယ်။ အကြောင်းအရင်းက ယခင် တရုတ် ကွန်မြူနစ် ပါတီရဲ့ အကြီးအကဲဟောင်း ဂျန်ဇီမင်း ကွယ်လွန်သွားလို့ ဖြစ်ပါတယ်။

Xiaomi , Huawei , iQOO နဲ့ MediaTek တို့က ထုတ်ကုန် အသစ် မိတ်ဆက်ပွဲတွေကို နောက်ဆုတ်မယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ထုတ်ပြန်ကြေညာထားပါတယ်။

Xiaomi 13 Series ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ MIUI 14 နဲ့အတူ ကြေညာဖို့ စီစဉ်ထားကြတာဖြစ်ပါတယ်။ အရင်ပေါက်ကြားသတင်းတွေအရ Xiaomi 13 မှာ Qualcomm Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 256GB Internal Storage အထိ ပါလာမှာပါ။ ၆.၂ လက်မ Full HD+ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 1.5K Resolution ရှိမှာပါ။ 50MP Main ကင်မရာနဲ့ Android 13 အခြေပြု MIUI 14 တွေ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Huawei က စမတ်နာရီ အသစ်တွေကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ ချပြဖို့ စီစဉ်ထားတာပါ။ iQOO 11 Series နဲ့ iQOO Neo7 SE ကိုလည်း ဒီလ ၂ ရက်နေ့ ကြေညာဖို့ ပြင်ဆင်ထားတာ ဖြစ်ပြီး iQOO Neo7 SE မှာ MediaTek Dimensity 8200 Chipset ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ ထုတ်ကုန် အသစ်တွေကို ဘယ်နေ့ ကြေညာမလဲ ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena