Xiaomi ကုမ္ပဏီဟာ ဘတ်ဂျက်သက်သာတဲ့ စမတ်ဖုန်းကိုင်သုံးလိုသူတွေအတွက် Redmi 15 5G မော်ဒယ်လ်အသစ်ကို အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းမှာ ကြီးမားတဲ့ 7,000 mAh ဘက်ထရီ၊ Snapdragon ပရိုဆက်ဆာအသစ်နဲ့အတူ Circle to Search လိုမျိုး Generative AI နည်းပညာသုံး features အသစ်တွေပါ ထည့်သွင်းပေးထားတာက ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။
Redmi 15 5G မှာ ကြီးမားတဲ့ 6.9 လက်မအရွယ် FHD+ Adaptive Sync display ကို သုံးထားပြီး 144 Hz အထိ refresh rate ကို ထောက်ပံ့ပေးထားတာကြောင့် အထူးချောမွေ့တဲ့ ရုပ်ထွက်အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။
ဖုန်းရဲ့စွမ်းဆောင်ရည်အတွက် Snapdragon 6s Gen 3 processor ကို အသုံးပြုထားပြီး RAM ကို 8 GB အထိနဲ့ UFS 2.2 storage ကို 256 GB အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Virtual RAM ကို 16 GB အထိ တိုးချဲ့အသုံးပြုနိုင်မယ့် နည်းပညာလည်း ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာတော့ 50 MP ပင်မကင်မရာနဲ့ 8 MP ရှေ့ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။
Redmi 15 5G ရဲ့ အဓိကအားသာချက်တစ်ခုဖြစ်တဲ့ ဘက်ထရီပိုင်းမှာတော့ 7,000 mAh ပမာဏရှိ ဘက်ထရီကို ထည့်သွင်းပေးထားပြီး ဘူးထဲမှာ 33W အားအမြန်သွင်းစက်ကို တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ တခြားဖုန်းတွေကို အားပြန်ခွဲပေးနိုင်တဲ့ 18W reverse charging စနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။
Redmi 15 5G ကို Frosted White, Midnight Black နဲ့ Sandy Purple ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာပါ။ မန်မိုရီအလိုက် ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
6 GB + 128 GB အမျိုးအစား – ရူပီး ၁၄,၉၉၉ (₹14,999)
8 GB + 128 GB အမျိုးအစား – ရူပီး ၁၅,၉၉၉ (₹15,999)
8 GB + 256 GB အမျိုးအစား – ရူပီး ၁၆,၉၉၉ (₹16,999)
ဒီဖုန်းကို လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး Mi.com, Amazon, Mi Home နဲ့ အခြား လက်လီအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
Ref : thehindu