Xiaomi က Mi 10 Series တွေနဲ့ စမတ်ဖုန်း လောကကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့ပါပြီ။ အဲဒီဖုန်းတွေမှာ အနောက်ကင်မရာ ၄ လုံးပါလာပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 865 Chipset မောင်းနှင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် မျက်နှာပြင်မှာ Punch Hole ထည့်ထားတဲ့ ပထမဆုံး Mi ဖုန်းတွေပါ။

Xiaomi Mi 10 မှာ Mi 10 Pro မှာလိုပဲ ၆.၆၇ လက်မ Full HD+ AMOLED မျက်နှာပြင်ထည့်သွင်းထားပါတယ်။ အနောက်ဘက် ပင်မ ကင်မရာကလည်း တူညီပြီး 108MP ဖြစ်ပါတယ်။ ဒါပေမယ့် Telephoto ကင်မရာ ၂ လုံး မပါတော့ဘဲ 2MP Depth နဲ့ 2MP Macro တွေနဲ့ အစားထိုးထားပါတယ်။ Ultrawide ကင်မရာကိုလည်း 13MP Resolution ကို လျှော့ချထားပါတယ်။ အရှေ့ ကင်မရာက 20MP ဖြစ်ပြီး  Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။

Xiaomi Mi 10 မှာ LPDDR5 RAM နဲ့ UFS 3.0 Storage တွေ ထည့်သွင်းထားပြီး Pro မှာလိုပဲ 8K ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ Pro ထက် ပိုလန်းသွားတာက အရွယ်ပိုကြီးတဲ့ 4,780mAh ဘက်ထရီ ထည့်သွင်းထားတာပါ။ ဒါပေမယ့် 30W Wired Charging က အားနည်းသွားပါတယ်။ 30W Wireless Charging နဲ့ 10W Reverse Charging ပါတဲ့အတွက် တခြား ဖုန်းတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။

Mi 10 အတွက် Peach, Green နဲ့ Black ရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၃,၉၉၉ ယွမ်၊ 8/256GB ကို ၄,၂၉၉ ယွမ်နဲ့ 12/256GB ကို ၄,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၃ သောင်း၊ ၈ သိန်း ၉သောင်းနဲ့ ၉ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena