[Unicode]

Xiaomi ဟာ Mi 10 နဲ့ Mi 10 Pro တို့ကို လာမယ့် ဖေဖော်ဝါရီလ Mobile World Congress မှာ ပွဲထုတ်လာနိုင်ဖွယ်ရှိပါတယ်။ ဒီဟန်းဆက်တွေရဲ့ အဓိကအချက်အလက်တွေက ပေါက်ကြားထွက်ပေါ်ခဲ့ပြီးဖြစ်ပေမယ့် အခုထွက်လာတာက Mi 10 ရဲ့ AnTuTu ရမှတ်တွေပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့တစ်ပါတ်ကျော်က ပေါက်ကြားလာတဲ့ Mi 10 ရဲ့ ရုပ်ပုံအရ ကျောဘက်မှာ ကင်မရာလေးလုံးကို အထက်အောက် တန်းစီပြီး တပ်ဆင်ထားတာကို တွေ့မြင်ကြရပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာတော့ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးတပ်ဆင်ထားကြောင်းလည်း သိရပါတယ်။

Weibo မှာ ပေါ်ပေါက်ထားတဲ့ Render အရ Mi 10 ဟာ မျက်နှာပြင်အောက်မှာ လက်ဗွေဖတ်ဆင်ဆာကို ထည့်သွင်းထားတယ်လို့ ဆိုရပါလိမ့်မယ်။ ပတ်လည် Bezel တွေကတော့ အတော်လေးကို ကျဉ်းမြောင်းနေပြီး ပါဝါခလုတ်နဲ့ အသံအတိုးအချဲ့ခလုတ်တွေက ညာဘက်ဘောင်မှာရှိနေပါတယ်။ Render က Mi 10 ရဲ့ မျက်နှာပြင်နဲ့ ကျောဘက်ကိုပဲ ပြသတာကြောင့် အောက်ခြေမှာ တပ်ဆင်ထားတာတွေကိုတွေ မြင်တွေ့ရခြင်းမရှိပါဘူး။

ကောလာဟလတွေအရ Xiaomi Mi 10 Pro ဟာ 120Hz refresh rate မျက်နှာပြင်နဲ့လာမှာဖြစ်ပြီး ကျောဘက်မှာ 108MP အဓိကကင်မရာအပါအဝင် 20MP, 12MP နဲ့ 5MP ကင်မရာတွေက ပူးတွဲပါရှိမယ်လို့ သိရပါတယ်။ 66W အမြန်အားသွင်းစနစ်ထောက်ပံ့ထားတဲ့ 4,500mAh ဘက်ထရီလည်း တပ်ဆင်ပေးထားမယ်လို့ ဆိုပါတယ်။

Xiaomi Mi 10 ကတော့ 90Hz refresh rate မျက်နှာပြင်နဲ့ဖြစ်ပြီး ကျောဘက်မှာ 64MP (Sony IMX686) အဓိကကင်မရာအပါအဝင် 20MP ultrawide, 12MP telephoto နဲ့ 5MP depth ကင်မရာတွေကို တပ်ဆင်ထားတယ်လို့ သတင်းထွက်ပါတယ်။ 30W အားသွင်းစနစ်နဲ့ 4,800mAh ဘက်ထရီကို ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

Xiaomi Mi 10 ရဲ့ AnTuTu မှာမြင်တွေ့ရတာကတော့ Mi10 ဟာ Qualcomm SM8250 မောင်းနှင်ထားပြီး ဂရပ်ဖစ် Adreno 650 ကို တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ ရမှတ်ကတော့ 560,217 ဖြစ်တာကြောင့် ထူးခြားတယ်လို့ပဲ ဆိုရမှာပါ။

Ref: Gizmochina

[Zawgyi]

Xiaomi MI 10 ရဲ႕ AnTuTu ရမွတ္နဲ႔ အခ်က္အလက္အခ်ိဳ႕ ေပၚထြက္လာ

Xiaomi ဟာ Mi 10 နဲ႔ Mi 10 Pro တို႔ကို လာမယ့္ ေဖေဖာ္ဝါရီလ Mobile World Congress မွာ ပြဲထုတ္လာႏိုင္ဖြယ္ရွိပါတယ္။ ဒီဟန္းဆက္ေတြရဲ႕ အဓိကအခ်က္အလက္ေတြက ေပါက္ၾကားထြက္ေပၚခဲ့ၿပီးျဖစ္ေပမယ့္ အခုထြက္လာတာက Mi 10 ရဲ႕ AnTuTu ရမွတ္ေတြပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့တစ္ပါတ္ေက်ာ္က ေပါက္ၾကားလာတဲ့ Mi 10 ရဲ႕ ႐ုပ္ပုံအရ ေက်ာဘက္မွာ ကင္မရာေလးလုံးကို အထက္ေအာက္ တန္းစီၿပီး တပ္ဆင္ထားတာကို ေတြ႕ျမင္ၾကရပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ ဘယ္ဘက္အေပၚေထာင့္မွာ Punch-hole နဲ႔အတူ Selfie ကင္မရာတစ္လုံးတပ္ဆင္ထားေၾကာင္းလည္း သိရပါတယ္။

Weibo မွာ ေပၚေပါက္ထားတဲ့ Render အရ Mi 10 ဟာ မ်က္ႏွာျပင္ေအာက္မွာ လက္ေဗြဖတ္ဆင္ဆာကို ထည့္သြင္းထားတယ္လို႔ ဆိုရပါလိမ့္မယ္။ ပတ္လည္ Bezel ေတြကေတာ့ အေတာ္ေလးကို က်ဥ္းေျမာင္းေနၿပီး ပါဝါခလုတ္နဲ႔ အသံအတိုးအခ်ဲ႕ခလုတ္ေတြက ညာဘက္ေဘာင္မွာရွိေနပါတယ္။ Render က Mi 10 ရဲ႕ မ်က္ႏွာျပင္နဲ႔ ေက်ာဘက္ကိုပဲ ျပသတာေၾကာင့္ ေအာက္ေျခမွာ တပ္ဆင္ထားတာေတြကိုေတြ ျမင္ေတြ႕ရျခင္းမရွိပါဘူး။

ေကာလာဟလေတြအရ Xiaomi Mi 10 Pro ဟာ 120Hz refresh rate မ်က္ႏွာျပင္နဲ႔လာမွာျဖစ္ၿပီး ေက်ာဘက္မွာ 108MP အဓိကကင္မရာအပါအဝင္ 20MP, 12MP နဲ႔ 5MP ကင္မရာေတြက ပူးတြဲပါရွိမယ္လို႔ သိရပါတယ္။ 66W အျမန္အားသြင္းစနစ္ေထာက္ပံ့ထားတဲ့ 4,500mAh ဘက္ထရီလည္း တပ္ဆင္ေပးထားမယ္လို႔ ဆိုပါတယ္။

Xiaomi Mi 10 ကေတာ့ 90Hz refresh rate မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး ေက်ာဘက္မွာ 64MP (Sony IMX686) အဓိကကင္မရာအပါအဝင္ 20MP ultrawide, 12MP telephoto နဲ႔ 5MP depth ကင္မရာေတြကို တပ္ဆင္ထားတယ္လို႔ သတင္းထြက္ပါတယ္။ 30W အားသြင္းစနစ္နဲ႔ 4,800mAh ဘက္ထရီကို ေထာက္ပံ့ထားတယ္လို႔ သိရပါတယ္။

Xiaomi Mi 10 ရဲ႕ AnTuTu မွာျမင္ေတြ႕ရတာကေတာ့ Mi10 ဟာ Qualcomm SM8250 ေမာင္းႏွင္ထားၿပီး ဂရပ္ဖစ္ Adreno 650 ကို တြဲဖက္ေပးထားတာ ျဖစ္ပါတယ္။ ရမွတ္ကေတာ့ 560,217 ျဖစ္တာေၾကာင့္ ထူးျခားတယ္လို႔ပဲ ဆိုရမွာပါ။

Ref: Gizmochina