Unicode

Xiaomi ကနေ Mi 10 Series စမတ်ဖုန်းတွေကို Samsung Galaxy S20 Series တွေနဲ့ တစ်ရက်ထဲ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံ Beijing မြို့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီ Mi 10 Series ဖုန်းတွေဟာ Galaxy S20 Series ဖုန်းတွေလောက်တော့ Leak သတင်းတွေထွက်ရှိခြင်းမရှိပေမယ့် အခုအချိန်မှာ Specs တွေအတော်များများကို အတည်ပြုနိုင်တဲ့ Screenshot ဓါတ်ပုံတစ်ပုံပေါက်ကြားလာပါတယ်။

အဆိုပါ Screenshot ဓါတ်ပုံဟာ Xiaomi Mi 10 Pro 5G ဖုန်းရဲ့ About Phone ကို ရိုက်ကူးထားတဲ့ Screenshot ဖြစ်ပြီးတော့ Mi 10 Pro 5G မှာပါဝင်လာမယ့် Processor ၊ RAM ၊ Storage ၊ Camera နဲ့ Display Information အကုန်လုံးကို ဖော်ပြထားတာဖြစ်ပါတယ်။ အဆိုပါ Mi 10 Pro 5G ဖုန်းဟာ MIUI 11 20.1.21 ကို အသုံးပြုထားတဲ့အတွက် China Beta Version ကို အသုံးပြုထားပုံပါပဲ။

Mi 10 Pro 5G ဖုန်းဟာ Qualcomm Snapdragon 865 Processor ပါဝင်လာမှာဖြစ်ပြီးတော့ RAM အနေနဲ့ 16GB အထိ ထည့်သွင်းပေးထားသလို Storage ကလည်း 512GB ပါဝင်တာဖြစ်ပါတယ်။ ဒါက စျေးအကြီးဆုံး Model ဖြစ်နိုင်ပြီး ပုံမှန် Mi 10 Pro ဖုန်းကတော့ RAM 8GB သို့မဟုတ် RAM 12GB ကနေ စတင်ပါဝင်လာနိုင်ပါတယ်။

Camera ပိုင်းမှာတော့ 108MP + 16MP + 12MP + 5MP Quad Camera Setup ပါဝင်ပြီး 108MP Sensor က Primary Sensor ဖြစ်လာမှာဖြစ်သလို 16MP Ultra-wide ၊ 12MP Telephoto နဲ့ နောက်ဆုံး 5MP Sensor ကတော့ Depth Sensor သို့မဟုတ် Macro Sensor ဖြစ်လာဖို့များနေပါတယ်။

Battery ပိုင်းအနေနဲ့ 5250mAh Battery ပါဝင်လာမယ့်အပြင် လောလောဆယ်ပေါက်ကြားထားတဲ့သတင်းတွေအရ Mi 10 Pro 5G ဖုန်းဟာ အားသွင်းအမြန်ဆုံးဖြစ်လာမယ့် 66W Fast Charging ကို Support ပြုလုပ်လာမှာပါ။ Display အနေနဲ့တော့ 6.4″ Full HD+ Resolution ရှိတဲ့ Display ကိုပဲ အသုံးပြုထားပေမယ့် 120Hz Refresh Rate ကို Support ပေးမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Specs ပိုင်းတွေအရတော့ Mi 10 Pro 5G စမတ်ဖုန်းဟာ အထင်ကြီးစရာဖြစ်နေပြီးတော့ ကျန်တဲ့ Design ပိုင်းနဲ့ Feature ပိုင်းတွေမှာရော တစ်ရက်ထဲအတူမိတ်ဆက်လာမယ့် Galaxy S20 Series ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China

Zawgyi

Xiaomi ကေန Mi 10 Series စမတ္ဖုန္းေတြကို Samsung Galaxy S20 Series ေတြနဲ႔ တစ္ရက္ထဲ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံ Beijing ၿမိဳ႕မွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ ဒီ Mi 10 Series ဖုန္းေတြဟာ Galaxy S20 Series ဖုန္းေတြေလာက္ေတာ့ Leak သတင္းေတြထြက္ရွိျခင္းမရွိေပမယ့္ အခုအခ်ိန္မွာ Specs ေတြအေတာ္မ်ားမ်ားကို အတည္ျပဳႏိုင္တဲ့ Screenshot ဓါတ္ပုံတစ္ပုံေပါက္ၾကားလာပါတယ္။

အဆိုပါ Screenshot ဓါတ္ပုံဟာ Xiaomi Mi 10 Pro 5G ဖုန္းရဲ႕ About Phone ကို ႐ိုက္ကူးထားတဲ့ Screenshot ျဖစ္ၿပီးေတာ့ Mi 10 Pro 5G မွာပါဝင္လာမယ့္ Processor ၊ RAM ၊ Storage ၊ Camera နဲ႔ Display Information အကုန္လုံးကို ေဖာ္ျပထားတာျဖစ္ပါတယ္။ အဆိုပါ Mi 10 Pro 5G ဖုန္းဟာ MIUI 11 20.1.21 ကို အသုံးျပဳထားတဲ့အတြက္ China Beta Version ကို အသုံးျပဳထားပုံပါပဲ။

Mi 10 Pro 5G ဖုန္းဟာ Qualcomm Snapdragon 865 Processor ပါဝင္လာမွာျဖစ္ၿပီးေတာ့ RAM အေနနဲ႔ 16GB အထိ ထည့္သြင္းေပးထားသလို Storage ကလည္း 512GB ပါဝင္တာျဖစ္ပါတယ္။ ဒါက ေစ်းအႀကီးဆုံး Model ျဖစ္ႏိုင္ၿပီး ပုံမွန္ Mi 10 Pro ဖုန္းကေတာ့ RAM 8GB သို႔မဟုတ္ RAM 12GB ကေန စတင္ပါဝင္လာႏိုင္ပါတယ္။

Camera ပိုင္းမွာေတာ့ 108MP + 16MP + 12MP + 5MP Quad Camera Setup ပါဝင္ၿပီး 108MP Sensor က Primary Sensor ျဖစ္လာမွာျဖစ္သလို 16MP Ultra-wide ၊ 12MP Telephoto နဲ႔ ေနာက္ဆုံး 5MP Sensor ကေတာ့ Depth Sensor သို႔မဟုတ္ Macro Sensor ျဖစ္လာဖို႔မ်ားေနပါတယ္။

Battery ပိုင္းအေနနဲ႔ 5250mAh Battery ပါဝင္လာမယ့္အျပင္ ေလာေလာဆယ္ေပါက္ၾကားထားတဲ့သတင္းေတြအရ Mi 10 Pro 5G ဖုန္းဟာ အားသြင္းအျမန္ဆုံးျဖစ္လာမယ့္ 66W Fast Charging ကို Support ျပဳလုပ္လာမွာပါ။ Display အေနနဲ႔ေတာ့ 6.4″ Full HD+ Resolution ရွိတဲ့ Display ကိုပဲ အသုံးျပဳထားေပမယ့္ 120Hz Refresh Rate ကို Support ေပးမယ္လို႔ ယူဆရပါတယ္။

ဘာပဲျဖစ္ျဖစ္ Specs ပိုင္းေတြအရေတာ့ Mi 10 Pro 5G စမတ္ဖုန္းဟာ အထင္ႀကီးစရာျဖစ္ေနၿပီးေတာ့ က်န္တဲ့ Design ပိုင္းနဲ႔ Feature ပိုင္းေတြမွာေရာ တစ္ရက္ထဲအတူမိတ္ဆက္လာမယ့္ Galaxy S20 Series ဖုန္းေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္မလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref – Gizmo China