Xiaomi ဟာ MIUI 12 ကို ဖုန်းများစွာမှာ ထည့်သွင်းပေးနေပါတယ်။ အခုတော့ စွမ်းရည်မြင့် Xiaomi Mi 10 Pro အတွက် MIUI 12 Update ရသွားပြီ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လအတွက် Security Patch ပါလာပါတယ်။ Visuals နဲ့ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားပါတယ်။

Update ရဲ့ အရွယ်အစားဟာ 1GB အောက်ပဲ ရှိပြီး Android 10 ကို အခြေပြုထားပါတယ်။ MIUI 12 မှာ အိုင်ကွန်တွေ ပိုပြားချပ်လာပြီး ဖောင့် အသစ် ၁ ခု ထည့်သွင်းထားပါတယ်။ Animations တွေ ပိုချောမွတ်လာပြီး Quick Toggles မှာ Control Center အသစ် ၁ ခု ပါလာပါတယ်။

Google ရဲ့ Navigation Gestures တွေ ထည့်သွင်းထားပြီး Live Wallpapers အသစ်တွေ ပါလာပါတယ်။ Xiaomi ကတော့ Super Wallpapers လို့ ခေါ်ပါတယ်။ Dark Mode ပိုတိုးတက်လာပြီး Wallpaper ကို Dim လုပ်နိုင်လာသလို Floating Windows တွေကို ထောက်ပံ့လာပါတယ်။

အဲဒီ Update ကို ဥရောပမှာ ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး အလုံးတိုင်းမှာ ရဖို့အတွက် အချိန်စောင့်ရဦးမှာပါ။

Ref : gsmarena