[Unicode]

Xiaomi က စွမ်းရည်မြင့် Mi 10 နဲ့ Mi 10 Pro တို့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ချပြနိုင်ပါတယ်။ မကြာခင်က အဲဒီ ဖုန်း ၂ လုံးရဲ့ Specs အပြည့်အစုံ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ Mi 10 ရဲ့ Glass Screen Protector ဓါတ်ပုံ ၁ ပုံ ထွက်ပေါ်လာပါတယ်။

ဓါတ်ပုံအရ ဖုန်းရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ် ပြီး အနည်းဆုံးတော့ ဘေးဘက် ၂ ဘက်မှာ ကွေးညွှတ်နေတာ မြင်ရပါတယ်။ လေးဘက်လေးတန်လုံး ကွေးညွှတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်နဲ့ ညာဘက်မှာ ကွေးညွှတ်နေတာကိုပဲ သိသိသာသာ မြင်ရပါတယ်။

မျက်နှာပြင်ရဲ့ လေးဘက်လေးတန်က ဘောင်တွေဟာ အရမ်း ပါးလွှာတာ မြင်ရပြီး အောက်ခြေက ဘောင်ကပဲ ပါးပါးလေး ထူနေပါတယ်။ Xiaomi ရဲ့ အရင်မျိုးဆက် ဖုန်းတွေထက်တော့ ပိုပါးလွှာလာပါတယ်။ Screen Protector မှာ Punch-Hole နဲ့ Notch တွေ မတွေ့ရတဲ့အတွက် မျက်နှာပြင်အောက်မှာ ဆဲလ်ဖီး ကင်မရာ မြှပ်နှံထားနိုင်ပါတယ်။

ဒါပေမယ့် ဓါတ်ပုံကို မျှဝေထားတဲ့ သူက တကယ်တော့ Punch-hole ၁ လုံးထက်ပို ပါလာတယ်လို့ ပြောပါတယ်။ အဲဒီအတွက် Dual Punch-hole ဒီဇိုင်း ပါလာနိုင်ပါတယ်။ Pop-up ကင်မရာ ဒီဇိုင်းကို သုံးထားတာလည်း ဖြစ်နိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Xiaomi Mi 10 ရဲ႕ Screen Protector ဓါတ္ပံု ထြက္ေပၚလာ

Xiaomi က စြမ္းရည္ျမင့္ Mi 10 နဲ႔ Mi 10 Pro တို႔ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ ေဖေဖာ္၀ါရီလမွာ က်င္းပမယ့္ Mobile World Congress မွာ ခ်ျပႏုိင္ပါတယ္။ မၾကာခင္က အဲဒီ ဖုန္း ၂ လံုးရဲ႕ Specs အျပည့္အစံု ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။ အခုေတာ့ Mi 10 ရဲ႕ Glass Screen Protector ဓါတ္ပံု ၁ ပံု ထြက္ေပၚလာပါတယ္။

ဓါတ္ပံုအရ ဖုန္းရဲ႕ မ်က္ႏွာျပင္ဟာ ေကြးညႊတ္တဲ့ ဒီဇိုင္း ျဖစ္ ၿပီး အနည္းဆံုးေတာ့ ေဘးဘက္ ၂ ဘက္မွာ ေကြးညႊတ္ေနတာ ျမင္ရပါတယ္။ ေလးဘက္ေလးတန္လံုး ေကြးညႊတ္ေနတာလည္း ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ဘယ္နဲ႔ ညာဘက္မွာ ေကြးညႊတ္ေနတာကိုပဲ သိသိသာသာ ျမင္ရပါတယ္။

မ်က္ႏွာျပင္ရဲ႕ ေလးဘက္ေလးတန္က ေဘာင္ေတြဟာ အရမ္း ပါးလႊာတာ ျမင္ရၿပီး ေအာက္ေျခက ေဘာင္ကပဲ ပါးပါးေလး ထူေနပါတယ္။ Xiaomi ရဲ႕ အရင္မ်ိဳးဆက္ ဖုန္းေတြထက္ေတာ့ ပိုပါးလႊာလာပါတယ္။ Screen Protector မွာ Punch-Hole နဲ႔ Notch ေတြ မေတြ႕ရတဲ့အတြက္ မ်က္ႏွာျပင္ေအာက္မွာ ဆဲလ္ဖီး ကင္မရာ ျမွပ္ႏွံထားႏိုင္ပါတယ္။

ဒါေပမယ့္ ဓါတ္ပံုကို မွ်ေ၀ထားတဲ့ သူက တကယ္ေတာ့ Punch-hole ၁ လံုးထက္ပို ပါလာတယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ Dual Punch-hole ဒီဇိုင္း ပါလာႏိုင္ပါတယ္။ Pop-up ကင္မရာ ဒီဇိုင္းကို သံုးထားတာလည္း ျဖစ္ႏုိင္ပါတယ္။

Ref : gsmarena