Xiaomi က Mi 10 Extreme Commemorative Edition ကို ဒီလ ၁၁ ရက်နေ့ တရုတ်မှာ ကြေညာတော့မှာ ဖြစ်ပြီး နိုင်ငံတကာမှာ Mi 10 Ultra နာမည်နဲ့ ချပြမှာပါ။ အခုတော့ Mi 10 Ultra ရဲ့ Banner နဲ့ ဘူး ဓါတ်ပုံတွေ ထွက်ပေါ်လာပြီး Ceramic Version နဲ့ Transparent Version ၂ မျိုးကို မြင်ရပါတယ်။ Transparent Version ဟာ တကယ်ဖောက်ထွင်းမြင်ရတာလား၊ ဖန်အောက်ထဲ ထည့်ထားတဲ့ စတစ်ကာလားဆိုတာ မသိရသေးပါဘူး။

ဓါတ်ပုံအရ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ထိပ်ဆုံးမှာ Periscope Telephoto ကင်မရာ ပါပါတယ်။ 120x Zoom အထိထောက်ပံ့မယ်ဆိုတော့ အရမ်းကို လန်းမှာပါ။ Samsung က 100x Space Zoom ကို Galaxy S20 Ultra မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေက သိပ်အဆင်မပြေဘူးလို့ ပြောတဲ့အတွက် မကြာခင်က ကြေညာခဲ့တဲ့ Galaxy Note 20 Ultra မှာ 100x ကနေ 50x အထိ လျှော့ချခဲ့ပါတယ်။

Mi 10 Ultra အနောက်ကင်မရာတွေရဲ့ Megapixel Count ကို မဖော်ပြထားပေမယ့် အရင် သတင်းတွေအရ 48MP Main ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။ Ultrawide Lens က Macro Shot တွေ ဖမ်းယူပေးနိုင်ပြီး 8K ဗီဒီယိုအထိ ထောက်ပံ့ပေးမှာပါ။ 8/128GB , 8/256GB , 12/512GB နဲ့ 16/512GB မော်ဒယ်တွေ ထုတ်လုပ်ထားနိုင်ပြီး Ceramic နဲ့ Transparent Version အပြင် Bright Silver အရောင်လည်း ထွက်လာနိုင်ပါတယ်။

Mi 10 Ultra မှာ ၆.၆၇ လက်မ AMOLED မျက်နှာပြင်၊ Snapdragon 865 SoC ၊ UFS 3.1 Storage ၊ LPDDR5 RAM ၊ 4,500mAh ဘက်ထရီ ၊ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာတွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။ 100W or 120W Fast Charging နဲ့ 55W Wireless Charging တွေ ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gizmochina