Xiaomi ဟာ ၂၀၂၀ ခုနှစ်ကို စွမ်းရည်မြင့် Mi 11 နဲ့ လက်ပြနှုတ်ဆက်ခဲ့ပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး။ ၂၀၂၁ ခုနှစ် နှစ်အစမှာလည်း Mi 11 Lite , Mi 11 Pro တို့နဲ့ ကြိုဆိုမယ်လို့ သတင်းထွက်နေပါတယ်။ Mi 11 Lite ဟာ စွမ်းရည်ပိုနိမ့်ပြီး ဈေးပိုသက်သာတဲ့ မော်ဒယ် ဖြစ်ပါတယ်။ အခုတော့ Mi 11 Lite ရဲ့ Specs တချို့ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Previously leaked Mi 11 Lite renders without a periscope lens

တရုတ်က ထွက်လာတဲ့ သတင်းအရ  Mi 11 Lite မှာ OLED မျက်နှာပြင်နဲ့ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားနိုင်ပြီး Qualcomm SM7350 Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။ အနောက်ဘက် ပင်မ ကင်မရာက 64MP ဖြစ်ပြီး 5x Telephoto ကင်မရာလည်း ပါလာမှာ ဖြစ်ပါတယ်။

Xiaomi Mi 11

အဲဒီ Specs တွေဟာ စိတ်ဝင်စားစရာကောင်းပေမယ့် Qualcomm က SM7350 Chipset ကို မထုတ်လုပ်ထားသေးပါဘူး။ တချို့က ဒါဟာ 5nm Process နည်းပညာ အပေါ် အခြေခံတည်ဆောက်ထားတဲ့ Snapdragon 755G Chipset ဖြစ်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။ CPU မှာ စွမ်းရည်မြင့် Cortex-A78 Core ၁ လုံးထဲ ပါပါတယ်။

64MP ပင်မ ကင်မရာဟာ Mi 11 ရဲ့ 108MP ကင်မရာထက် အားနည်းပါတယ်။ ဒါပေမယ့် Mi 11 Lite မှာ Periscope ကင်မရာ ၁ လုံးပါလာနိုင်ပြီး အဲဒီ Telephoto ကင်မရာဟာ ဈေးကြီးပါတယ်။ အဲဒီအစား Xiaomi ဟာ Mi Note 10 မှာလို 5x Telephoto ကင်မရာကိုပဲ ထည့်သွင်းထားနိုင်ပြီး Upper Mid-range ဖုန်းတွေနဲ့ ပိုသင့်တော်ပါတယ်။

Ref : gsmarena