Xiaomi ဟာ စွမ်းရည်မြင့် Mi 10 နဲ့ Mi 10 Pro ကို ဒီနှစ် ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ်တွေကို မြင်ရဖို့ တော်တော် နီးနေပါပြီ။ Xiaomi Mi 11 နဲ့ Mi 11 Pro ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကြေညာမယ်လို့ တရုတ်က နာမည်ကြီး Tipster ၁ ယောက်ဖြစ်တဲ့ Digital Chat Station က သတင်းပေးလာပါတယ်။

Xiaomi Mi 11 January launch leak

Mi 10 Series ရဲ့ မျိုးဆက်သစ်ကို Mi 11 လို့ နာမည်ပေးထားမလား ၊ Mi 20 လို့ နာမည်ပေးထားမလား ဆိုတာ မသိရသေးပါဘူး။ Xiaomi Mi 11 Series ဟာ Snapdragon 875 Chipset ပါတဲ့ တရုတ်ရဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာမယ်လို့ သတင်းကြီးနေပါတယ်။ Qualcomm ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ အဲဒီ Chipset ကို ကြေညာနိုင်ပါတယ်။

Xiaomi Mi 11 Specifications, price and features - Specs Tech

Xiaomi Mi 11 မှာ မျက်နှာပြင်ကွေးနဲ့ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားမယ်လို့ မကြာခင်က သတင်းထွက်လာခဲ့ပါတယ်။ အနောက်ကင်မရာတွေထဲမှာ 108MP Main ၁ လုံး ပါလာမှာ ဖြစ်ပြီး 30x Zoom အထိတောင် ထောက်ပံ့မယ်လို့ သတင်းထွက်နေတဲ့အတွက် Zoom စွမ်းရည် တော်တော် မိုက်မှာပါ။ Ultrawide Lens ဟာ Macro Shots တွေကိုပါ ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။

Mi 11 Pro မှာလည်း မျက်နှာပြင်ကွေးနဲ့ Punch Hole ပါလာမယ်လို့ သတင်းထွက်နေပြီး Quad HD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ ရိုးရိုး Mi 11 မှာလည်း တူညီတဲ့ Resolution နဲ့ Refresh Rate ပါလာမလား ဆိုတာ မသိရသေးပါဘူး။

Mi 11 Pro ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာမယ့် အထောက်အထားတွေ မတွေ့ရသေးဘဲ ဒီလအစောပိုင်းက ထွက်ခဲ့တဲ့ သတင်းအရ  ပင်မ ကင်မရာရဲ့ 4-in-1 Pixel Binning နည်းပညာဟာ 50MP Shot တွေကို ရိုက်ကူးပေးနိုင်မှာပါ။ 48MP သို့မဟုတ် 12MP Telephoto ကင်မရာ ပါလာနိုင်ပါတယ်။

Ref : gizmochina