Xiaomi Mi 6X ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်ကတည်းက တရုတ်နိုင်ငံဈေးကွက်ထဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ Mi 6X ဟာ နိုင်ငံတကာဈေးကွက်ထဲကိုဝင်တော့ Mi A2 Android One device အနေနဲ့ အမည်ပြောင်းလဲသွားခဲ့ပါတယ်။

Xiaomi ဟာ Mi 6X ကို ပြည်တွင်းဈေးကွက်ထဲမှာတော့ Android 8.1 (Oreo) အခြေခံ MIUI 9 နဲ့ ဖြန့်ချိခဲ့တာပါ။ နောက်ပိုင်းမှာတော့ Android 9 (Pie) နဲ့အတူ MIUI 10, MIUI 11 တွေအထိ Update တွေရရှိပြီး အဆင့်မြှင့်တင်ခွင့်ရခဲ့ပါတယ်။ အခုလည်း ဒီဟန်းဆက်ဟာ MIUI 12 Update ကို စတင်လက်ခံရရှိနေပြီလို့ သိရပါတယ်။

MIUI 12 ဟာ Mi 6X အတွက် အဓိကနောက်ဆုံး Update ဖြစ်မယ်လို့ လွန်ခဲ့တဲ့ ဧပြီကတည်းက ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဒီ Update ဟာ Build number V12.0.1.0.PDCCNXM နဲ့လာတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ Stable Beta phase ဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့အသုံးပြုသူတွေပဲ ရရှိမှာ ဖြစ်ပါတယ်။

Mi 6X ကို တရုတ်ပြည်တွင်းဈေးကွက်မှာပဲ ရောင်းချခဲ့တာဖြစ်တဲ့အတွက် နောက်ဆုံး Final rollout ကလည်း အချိန်သိပ်မယူဘဲ ထွက်လာမယ်လို့ ယုံကြည်ရပါတယ်။ အခြားတစ်ဖက်မှာတော့ Global version ဖြစ်တဲ့ Mi A2 ဟာ သူ့ရဲ့နောက်ဆုံး အဓိက Update ဖြစ်တဲ့ Android 10 ကို ပြီးခဲ့တဲ့နှစ်ကတည်းက ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ လစဉ်လုံခြုံရေးပြင်ဆင်မှုတွေ ဆက်ပြီးရရှိနေဦးမှာ ဖြစ်ပါတယ်။

အကယ်၍ Power user ဖြစ်မယ်ဆိုရင်တော့ Google ရဲ့ နောက်ဆုံးပေါ်ဗားရှင်းဖြစ်တဲ့ Android 11 custom ROMs ကို Install လုပ်လို့ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ သက်တမ်းကုန်ဆုံးချိန်အထိ Android 10 ပဲဆက်သုံးမယ်ဆိုရင်လည်း သုံးလို့ရပါတယ်။

Ref: GSM Arena