Xiaomi ဟာ အခုနောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့စမတ်ဖုန်းတွေအထိကို MIUI 12 Update တွေ ထုတ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် စက်တင်ဘာလမှာ ထွက်ရှိလာတော့မယ့် Android 11 Update ကိုတော့ MIUI 12 Update ပေးနိုင်သလိုမျိုး Update ပြုလုပ်မှာမဟုတ်တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က Flagship ဖုန်းတွေဖြစ်တဲ့ Mi 8 Series ဖုန်းတွေအပြင် Pocophone F1 ကို Android 11 Update ရရှိမှာမဟုတ်တော့ဘူးလို့ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ Xiaomi ရဲ့ ပြောကြားချက်အရတော့ Qualcomm Snapdragon 845 Chipset အသုံးပြုထားတဲ့ဖုန်းတွေအနေနဲ့ Android 11 Update ကို မရရှိနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Xiaomi Mi 8 ၊ Mi 8 Pro ၊ Mi 8 Explorer Edition ၊ Mi 8 SE ၊ Mi 8 Lite ဖုန်းတွေနဲ့ Pocophone F1 ဖုန်းတွေက Android 11 Update ကို မရရှိဖို့ သေချာသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် Android Go စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Go လည်း Android 11 Update ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

အစောပိုင်းတုန်းကလည်း Xiaomi ကနေ Mi Note 3 ၊ Mi Mix 2S ၊ Mi Mix 3 ၊ Mi A2 ၊ Mi A2 Lite ၊ Mi Play ၊ Redmi S2 ဖုန်းတွေကို Android 11 Update ရရှိမှာမဟုတ်တဲ့ဖုန်းတွေထဲမှာ ထည့်သွင်းထားပြီးဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ကျန်တဲ့ဘယ် Xiaomi ဖုန်းတွေအနေနဲ့ Android 11 Update ရရှိမယ့် စာရင်းထဲကနေ ဖယ်ရှားခံရမလဲဆိုတာကိုတေ့ာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Notebook Check