[Zawgyi]

Xiaomi ဟာ K20 နဲ႔ K20 Pro တို႔ကို Mi 9T နဲ႔ Mi 9T Pro ဆိုတဲ့နာမည္ေတြေျပာင္းၿပီး ႐ုရွားေဈးကြက္မွာ ေရာင္းခ်မယ္ဆိုတဲ့ သတင္းက ၿပီးခဲ့တဲ့ေမလကုန္ကတည္းက ထြက္ေပၚခဲ့တာပါ။ ဒါေပမယ့္ ေဈးႏႈန္းခ်ိဳသာၿပီး အရည္အေသြးေကာင္းလို႔ Flagship Killer လို႔ နာမည္ထြက္ထားတဲ့ Redmi အမွတ္တံဆိပ္နဲ႔ဖုန္းကို Xiaomi နာမည္ေအာက္ ျပန္ထည့္ၿပီး ေရာင္းမယ္ဆိုတာေၾကာင့္ အနည္းငယ္ အံ့အားသင့္စရာသတင္းအျဖစ္သာ ရွိခဲ့ပါတယ္။

အခုေတာ့ Geekbench မွာ Xiaomi Mi 9T Pro ရဲ႕ အခ်က္အလက္ေတြ ျမင္ေတြ႕လိုက္ရၿပီျဖစ္ပါတယ္။ အခ်က္အလက္ေတြကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ Xiaomi Mi 9T Pro နဲ႔ Redmi K20 Pro တို႔က သိပ္မကြာဘူးလို႔ ဆိုရမွာပါ။ Processor information မွာ အခ်က္အလက္ေတြက တူညီေပမယ့္ Single-core ရမွတ္နဲ႔ Multi-core ရမွတ္ေတြမွာပဲ အမွတ္ခ်င္း အနည္းငယ္ကြဲျပားတာကို ေတြ႕ျမင္ရပါတယ္။

Redmi K20 Pro ကို “Raphael” ဆိုတဲ့ ကုဒ္နာမည္နဲ႔ Geekbench မွာ ေတြ႕ျမင္ခဲ့ဖူးမွာပါ။ အခု Mi 9T Pro ကလည္း ထူးမျခားနားပါပဲ။ ဒီ ကုဒ္နာမည္တစ္ခုတည္းကိုပဲ အသုံးျပဳခဲ့တာပါ။ Android Pie ေမာင္းႏွင္ၿပီး Octa-core Processor ကို 8GB of RAM နဲ႔တြဲဖက္ထားတာလည္း တူတူပါပဲ။ ဒါေၾကာင့္ ဟိုတုန္းကထြက္ေပၚခဲ့တဲ့ Redmi K20 Pro ကို Xiaomi Mi 9T Pro နာမည္နဲ႔ ႐ုရွားမွာေရာင္းမယ္ဆိုတဲ့ သတင္းက အမွန္ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ၿပီ ျဖစ္ပါတယ္။

Xiaomi Mi 9T Pro ကို လာမယ့္ ဇြန္လ ၁၂ ရက္ေန႔မွာ ပြဲထုတ္ေတာ့မယ္လို႔လည္း သိရပါတယ္။ Redmi K20 နဲ႔ K20 Pro တို႔ကေတာ့ တ႐ုတ္ႏိုင္ငံတြင္းမွာ ေရာင္းခ်တဲ့အမည္ေတြျဖစ္ၿပီး ႏိုင္ငံတကာေဈးကြက္မွာေရာင္းခ်ဖို႔အတြက္ POCO F2 နဲ႔ POCO F2 Pro ဆိုတဲ့ အမည္ေတြေျပာင္းၿပီး ေရာင္းခ်ဦးမယ္လို႔ သိရပါတယ္။ MIUI China နဲ႔ MIUI Global ပဲ ကြာျခားမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Redmi K20 Pro ကို အမှတ်တံဆိပ်နာမည်ပြောင်းထားတဲ့ Xiaomi Mi 9T Pro ကို Geekbench မှာ တွေ့မြင်ရ

Xiaomi ဟာ K20 နဲ့ K20 Pro တို့ကို Mi 9T နဲ့ Mi 9T Pro ဆိုတဲ့နာမည်တွေပြောင်းပြီး ရုရှားဈေးကွက်မှာ ရောင်းချမယ်ဆိုတဲ့ သတင်းက ပြီးခဲ့တဲ့မေလကုန်ကတည်းက ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းလို့ Flagship Killer လို့ နာမည်ထွက်ထားတဲ့ Redmi အမှတ်တံဆိပ်နဲ့ဖုန်းကို Xiaomi နာမည်အောက် ပြန်ထည့်ပြီး ရောင်းမယ်ဆိုတာကြောင့် အနည်းငယ် အံ့အားသင့်စရာသတင်းအဖြစ်သာ ရှိခဲ့ပါတယ်။

အခုတော့ Geekbench မှာ Xiaomi Mi 9T Pro ရဲ့ အချက်အလက်တွေ မြင်တွေ့လိုက်ရပြီဖြစ်ပါတယ်။ အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Xiaomi Mi 9T Pro နဲ့ Redmi K20 Pro တို့က သိပ်မကွာဘူးလို့ ဆိုရမှာပါ။ Processor information မှာ အချက်အလက်တွေက တူညီပေမယ့် Single-core ရမှတ်နဲ့ Multi-core ရမှတ်တွေမှာပဲ အမှတ်ချင်း အနည်းငယ်ကွဲပြားတာကို တွေ့မြင်ရပါတယ်။

Redmi K20 Pro ကို “Raphael” ဆိုတဲ့ ကုဒ်နာမည်နဲ့ Geekbench မှာ တွေ့မြင်ခဲ့ဖူးမှာပါ။ အခု Mi 9T Pro ကလည်း ထူးမခြားနားပါပဲ။ ဒီ ကုဒ်နာမည်တစ်ခုတည်းကိုပဲ အသုံးပြုခဲ့တာပါ။ Android Pie မောင်းနှင်ပြီး Octa-core Processor ကို 8GB of RAM နဲ့တွဲဖက်ထားတာလည်း တူတူပါပဲ။ ဒါကြောင့် ဟိုတုန်းကထွက်ပေါ်ခဲ့တဲ့ Redmi K20 Pro ကို Xiaomi Mi 9T Pro နာမည်နဲ့ ရုရှားမှာရောင်းမယ်ဆိုတဲ့ သတင်းက အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။

Xiaomi Mi 9T Pro ကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ပွဲထုတ်တော့မယ်လို့လည်း သိရပါတယ်။ Redmi K20 နဲ့ K20 Pro တို့ကတော့ တရုတ်နိုင်ငံတွင်းမှာ ရောင်းချတဲ့အမည်တွေဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာရောင်းချဖို့အတွက် POCO F2 နဲ့ POCO F2 Pro ဆိုတဲ့ အမည်တွေပြောင်းပြီး ရောင်းချဦးမယ်လို့ သိရပါတယ်။ MIUI China နဲ့ MIUI Global ပဲ ကွာခြားမှာ ဖြစ်ပါတယ်။

Ref: GSMArena