[Zawgyi]
ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက XDA Developers ရဲ႕ ေဖာ္ျပမႈအရ Xiaomi ဟာ စမတ္ဖုန္းအမ်ိဳးအစားသစ္ သုံးမ်ိဳးကို ျပဳလုပ္ေနတယ္လို႔ သိခဲ့ၾကရပါတယ္။ Xiaomi ရဲ႕ စမတ္ဖုန္းသစ္ေတြဟာ “pyxis”, “bamboo_sprout”, နဲ႔ “cosmos_sprout” ဆိုတဲ့ Codename ေတြနဲ႔ ျဖစ္ၾကပါတယ္။
“pyxis” က တ႐ုတ္ျပည္တြင္းအတြက္ ရည္႐ြယ္ထားတဲ့ ဖုန္းလို႔ သိခဲ့ၾကရၿပီး “bamboo_sprout” နဲ႔ “cosmos_sprout” တို႔ကေတာ့ Android One Porject အတြက္ ရည္႐ြယ္ထားတာလို႔ သိခဲ့ၾကရတာပါ။ Mi A3 နဲ႔ Mi A3 Lite ေတြ ျဖစ္မယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္။
အခု ထပ္ၿပီး ထြက္ေပၚလာတဲ့ သတင္းအရ “pyxis” ဟာ Mi 9 ကို ေဈးႏႈန္းေလွ်ာ့ခ်ထားတဲ့ အမ်ိဳးအစားအျဖစ္ Mi9 X ဆိုတဲ့ အမည္နဲ႔ ထြက္လာဖြယ္ရွိတယ္ဆိုတာပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ Mi 9X နဲ႔ ပတ္သက္တဲ့ Specs ေတြကေတာ့ ေပါက္ၾကားလာၿပီျဖစ္ပါတယ္။
Mi 9X ဟာ 6.4-inch, FHD AMOLED Display အမ်ိဳးအစားနဲ႔ ျဖစ္မယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္မွာ Waterdrop Notch ပါဝင္ၿပီး ဒီထဲမွာေတာ့ 32MP Selfie ကင္မရာ တပ္ဆင္ေပးထားမယ္လို႔လည္း ဆိုပါတယ္။ Mi 9X ဟာ In-Display Fingerprint Scanner နဲ႔ျဖစ္မယ္လို႔လည္း ဆိုပါတယ္။ Snapdragon 675 Chipset ကို အသုံးျပဳထားၿပီး 6GB of RAM နဲ႔ Storage 64GB တို႔ ျဖစ္တယ္လို႔လည္း သိရပါတယ္။
ေက်ာဘက္ကင္မရာ သုံးလုံးတပ္ဆင္ထားၿပီး အဓိက ကင္မရာက 48MP ျဖစ္ၿပီး ဒုတိယနဲ႔ တတိယကင္မရာေတြက 13MP wide နဲ႔ 8MP (Telephoto) ေတြျဖစ္တယ္လို႔ ဆိုပါတယ္။ ဘက္ထရီပမာဏကေတာ့ 3,300mAh ျဖစ္ၿပီး 18W Fast Charging စနစ္ကို ေထာက္ပံ့ေပးထားတယ္လို႔လည္း သိရပါတယ္။ Mi 9X ရဲ႕ Basic Model ဟာ $250 ဝန္းက်င္ (၃ သိန္း ၈ ေသာင္းဝန္းက်င္) ျဖစ္ဖြယ္ရွိတယ္လို႔ သိရၿပီး လာမယ့္ ဧၿပီလတြင္းမွာ ေဈးကြက္ထဲ ေရာက္မယ္လို႔လည္း ဆိုပါတယ္။
Ref: GSMArena
[Unicode]
Xiaomi Mi 9X ရဲ့ Specs တွေ ပေါက်ကြားလာပြီး ဧပြီလထဲမှာ ရောင်းချဖွယ်ရှိကြောင်း သိရ
ပြီးခဲ့တဲ့ တစ်ပတ်တုန်းက XDA Developers ရဲ့ ဖော်ပြမှုအရ Xiaomi ဟာ စမတ်ဖုန်းအမျိုးအစားသစ် သုံးမျိုးကို ပြုလုပ်နေတယ်လို့ သိခဲ့ကြရပါတယ်။ Xiaomi ရဲ့ စမတ်ဖုန်းသစ်တွေဟာ “pyxis”, “bamboo_sprout”, နဲ့ “cosmos_sprout” ဆိုတဲ့ Codename တွေနဲ့ ဖြစ်ကြပါတယ်။
“pyxis” က တရုတ်ပြည်တွင်းအတွက် ရည်ရွယ်ထားတဲ့ ဖုန်းလို့ သိခဲ့ကြရပြီး “bamboo_sprout” နဲ့ “cosmos_sprout” တို့ကတော့ Android One Porject အတွက် ရည်ရွယ်ထားတာလို့ သိခဲ့ကြရတာပါ။ Mi A3 နဲ့ Mi A3 Lite တွေ ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
အခု ထပ်ပြီး ထွက်ပေါ်လာတဲ့ သတင်းအရ “pyxis” ဟာ Mi 9 ကို ဈေးနှုန်းလျှော့ချထားတဲ့ အမျိုးအစားအဖြစ် Mi9 X ဆိုတဲ့ အမည်နဲ့ ထွက်လာဖွယ်ရှိတယ်ဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Mi 9X နဲ့ ပတ်သက်တဲ့ Specs တွေကတော့ ပေါက်ကြားလာပြီဖြစ်ပါတယ်။
Mi 9X ဟာ 6.4-inch, FHD AMOLED display အမျိုးအစားနဲ့ ဖြစ်မယ်လို့ သိရပါတယ်။ မျက်နှာပြင်မှာ Waterdrop Notch ပါဝင်ပြီး ဒီထဲမှာတော့ 32MP Selfie ကင်မရာ တပ်ဆင်ပေးထားမယ်လို့လည်း ဆိုပါတယ်။ Mi 9X ဟာ In-Display Fingerprint Scanner နဲ့ဖြစ်မယ်လို့လည်း ဆိုပါတယ်။ Snapdragon 675 Chipset ကို အသုံးပြုထားပြီး 6GB of RAM နဲ့ Storage 64GB တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျောဘက်ကင်မရာ သုံးလုံးတပ်ဆင်ထားပြီး အဓိက ကင်မရာက 48MP ဖြစ်ပြီး ဒုတိယနဲ့ တတိယကင်မရာတွေက 13MP wide နဲ့ 8MP (telephoto) တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဘက်ထရီပမာဏကတော့ 3,300mAh ဖြစ်ပြီး 18W Fast Charging စနစ်ကို ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။ Mi 9X ရဲ့ Basic model ဟာ $250 ဝန်းကျင် (၃ သိန်း ၈ သောင်းဝန်းကျင်) ဖြစ်ဖွယ်ရှိတယ်လို့ သိရပြီး လာမယ့် ဧပြီလတွင်းမှာ ဈေးကွက်ထဲ ရောက်မယ်လို့လည်း ဆိုပါတယ်။
Ref: GSMArena