Xiaomi ရဲ့ Mi A2 Lite ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လကတည်းက မိတ်ဆက်ဖြန့်ချိခဲ့တာပါ။ အခုအချိန်မှာ သက်တမ်း ၃ နှစ်နီးပါးရှိနေပြီဖြစ်တဲ့အတွက် ပုံမှန် Software Update တွေရရှိမယ့် နောက်ဆုံးနှစ်အပိုင်းအခြားထဲကို ရောက်နေပြီလို့ဆိုရမှာပါ။

Mi A2 Lite ဟာ နေဝင်ချိန်နားကပ်နေပြီဆိုပေမယ့် အခုအချိန်မှာတော့ January 2021 Android security update ကို လက်ခံရှိနေပြီ ဖြစ်ပါတယ်။ နောက်ထပ် ရက်ပေါင်း ၁၈၀ အတွင်း Security Patch တွေ ဆက်ပြီးရနေဦးမှာဖြစ်ပေမယ့် Android 10 နဲ့အထက် Operating System ကိုတော့ ရရှိတော့မှာမဟုတ်ပါဘူး။

ကနဦးတုန်းက Xiaomi ဟာ Mi A2 Lite ကို Android 10 Update ထုတ်ပေးမှာမဟုတ်ဘူးလို့ သတင်းထွက်ခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ် မတ်လဆန်းမှာတော့ Android 10 Update ကို လက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီ Android 10 Update ထုတ်ပေးလိုက်တုန်းက Mi A2 Lite ယူနစ်အချို့ဟာ LCD ပျက်စီးသွားတဲ့ ပြဿနာနဲ့ ကြုံခဲ့ရပါသေးတယ်။

လက်ရှိထုတ်ပေးလိုက်တဲ့ Security Patch တွေကတော့ Mi A2 Lite ရဲ့ System စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေအောင် ထောက်ပံ့ပေးမှာဖြစ်ပြီး၊ အလုံးစုံတည်ငြိမ်မှုကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။ Update မှာတော့ အစဉ်အလာအတိုင်း “Optimized system performance” နဲ့ “Improved system security and stability” changelog ကို ထည့်သွင်းပေးထားတာလည်း ဖြစ်ပါတယ်။

အခုရရှိတဲ့ Security Patch V11.0.17.0.QDLMIXM ဟာ Mi A2 Lite အတွက် Google ရဲ့ နောက်ဆုံးပေါ် Security patch ဖြစ်ပြီး အရွယ်အစားကတော့ 16MP ပဲ ရှိတာဖြစ်ပါတယ်။

Ref: Gizomchina