Xiaomi ရဲ့ ပထမဆုံးသော 108-Megapixel Sensor ပါဝင်တဲ့ Mi CC9 Pro ဟာ လက်ရှိစျေးကွက်ထဲမှာ အောင်မြင်မှုအများအပြားရရှိနေပြီးဖြစ်ပါတယ်။ အခုလည်း Xiaomi ရဲ့ Official Weibo Account ကနေ Android 10 Update ရရှိမယ့်အချိန်ကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။

Xiaomi ရဲ့ ကြေညာချက်အရတော့ Mi CC9 Pro ဖုန်းဟာ လာမယ့် ဧပြီလလယ်နဲ့ လကုန်ပိုင်းဝန်းကျင်မှာ Android 10 Update ကိုရရှိလာမယ်လို့ သိရပါတယ်။ အဆိုပါ Update ဟာ Android 10 အပြင် ပိုပြီးမြန်ဆန်တဲ့ Fingerprint Unlock နဲ့ Camera Experience ကိုပါ ရရှိလာမှာဖြစ်သလို သုံးရတဲ့ System Response ပိုင်းမှာလည်း သိသိသာသာကို ပိုပြီး Improve ပြုလုပ်လာမှာဖြစ်ပါတယ်။ Camera Feature ပိုင်းမှာလည်း Document Capture Mode အသစ်ပါဝင်လာဦးမှာပါ။

ဒါပေမယ့် တစ်ခုရှိတာက အခု Android 10 Update ဟာ China အတွက်ပဲ ထွက်ရှိထားတဲ့ Mi CC9 Pro စမတ်ဖုန်းအတွက်ဖြစ်ပြီး International Version ဖြစ်တဲ့ Mi Note 10 အတွက် Android 10 Update ကိုတော့ ဘယ်အချိန်မှရရှိလာမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ Mid Range ဖုန်းတစ်လုံးဖြစ်ပေမယ့် လူကြိုက်များတဲ့ Mi CC9 Pro ကို Android 10 Update ထုတ်ပေးဖို့ကို အတည်ပြုလိုက်တာက အသုံးပြုနေတဲ့သူတွေအတွက် သတင်းကောင်းဖြစ်မှာပါ။

Ref – GSM Arena