Zawgyi

Xiaomi အေနနဲ႔ Mi Max 3 ကို တ႐ုတ္ႏိုင္ငံမွာ ပထမဦးဆုံး မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ထိုင္ဝမ္ႏိုင္ငံမွာ ထပ္မံမိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။ Mi Max 3 ရဲ႕ RAM 4GB + Storage 64GB ေမာ္ဒယ္ကို ထိုင္ဝမ္ႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ ထိုင္ဝမ္ေငြ ၇၉၉၉ TWD ေဒၚလာ (ျမန္မာေငြ ၄သိန္း ဝန္းက်င္) ျဖစ္ပါတယ္။

Xiaomi Mi Max 3 ရဲ႕ Display အပိုင္းအတြက္ ၆.၉ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ 18:9 Display အမ်ိဴးအစားကို အသုံးျပဳထားတာ ျဖစ္ၿပီး Resolution ကေတာ့ 1080 x 2160 pixels ရွိပါမယ္။ Processor အပိုင္းအတြက္ Snapdragon 636 SoC ကို အသုံးျပဳထားၿပီး Adreno 509 GPU ပါဝင္မွာပါ။ RAM အေနနဲ႔ 4GB ပါဝင္ၿပီး Memory Storage ကိုေတာ့ 64GB ထည့္သြင္းထားတာ ျဖစ္ပါတယ္။ RAM 6GB + Storage 128GB ေမာ္ဒယ္ကိုလည္း ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။ ထိုင္ဝမ္ႏိုင္ငံမွာေတာ့ RAM 4GB + Storage 64GB တစ္မ်ိဴးတည္းသာ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 12MP+5MP Camera ေတြကို တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP Camera ကို တပ္ဆင္ထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 5500mAh ထည့္သြင္းေပးထားၿပီး Quick Charge 3.0 အျမန္အားသြင္းစနစ္လည္း ပါဝင္မွာပါ။ အေလးခ်ိန္ကေတာ့ ၂၂၁ ဂရမ္ ရွိပါတယ္။ Xiaomi Mi Max 3 ကို အေရာင္ေတြ အေနနဲ႔ Black, Champagne Gold, Blue ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ႏိုင္မွာ ျဖစ္ၿပီး ကမာၻအႏွံ႔အျပားကိုလည္း မၾကာခင္ ျဖန္႔ခ်ီသြားႏိုင္တယ္လို႔ သိရပါတယ္။

Ref:gizmochina

Unicode

5500mAh ဘက်ထရီပါတဲ့ Xiaomi Mi Max 3 ကို ထိုင်ဝမ်နိုင်ငံမှာ ထပ်မံမိတ်ဆက်

Xiaomi အနေနဲ့ Mi Max 3 ကို တရုတ်နိုင်ငံမှာ ပထမဦးဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထိုင်ဝမ်နိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Mi Max 3 ရဲ့ RAM 4GB + Storage 64GB မော်ဒယ်ကို ထိုင်ဝမ်နိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ ထိုင်ဝမ်ငွေ ၇၉၉၉ TWD ဒေါ်လာ (မြန်မာငွေ ၄သိန်း ဝန်းကျင်) ဖြစ်ပါတယ်။

Xiaomi Mi Max 3 ရဲ့ Display အပိုင်းအတွက် ၆.၉ လက်မ မျက်နှာပြင် အကျယ်ရှိ 18:9 Display အမျိူးအစားကို အသုံးပြုထားတာ ဖြစ်ပြီး Resolution ကတော့ 1080 x 2160 pixels ရှိပါမယ်။ Processor အပိုင်းအတွက် Snapdragon 636 SoC ကို အသုံးပြုထားပြီး Adreno 509 GPU ပါဝင်မှာပါ။ RAM အနေနဲ့ 4GB ပါဝင်ပြီး Memory Storage ကိုတော့ 64GB ထည့်သွင်းထားတာ ဖြစ်ပါတယ်။ RAM 6GB + Storage 128GB မော်ဒယ်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ထိုင်ဝမ်နိုင်ငံမှာတော့ RAM 4GB + Storage 64GB တစ်မျိူးတည်းသာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 12MP+5MP Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 5500mAh ထည့်သွင်းပေးထားပြီး Quick Charge 3.0 အမြန်အားသွင်းစနစ်လည်း ပါဝင်မှာပါ။ အလေးချိန်ကတော့ ၂၂၁ ဂရမ် ရှိပါတယ်။ Xiaomi Mi Max 3 ကို အရောင်တွေ အနေနဲ့ Black, Champagne Gold, Blue ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်နိုင်မှာ ဖြစ်ပြီး ကမ္ဘာအနှံ့အပြားကိုလည်း မကြာခင် ဖြန့်ချီသွားနိုင်တယ်လို့ သိရပါတယ်။

Ref:gizmochina