Unicode

Xiaomi ကနေ အခုနောက်ပိုင်းမှာ သူ့ရဲ့ စမတ်ဖုန်းတွေကို နောက်ဆုံး MIUI Update ဖြစ်တဲ့ MIUI 11 ကို ဆက်တိုက် Update လုပ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း ထွက်ရှိတာ ၂ နှစ်နီးပါးဖြစ်နေပြီဖြစ်တဲ့ Xiaomi Mi Mix 2S အတွက် MIUI 11 Stable Update ကို ထုတ်ပေးလိုက်ပါပြီ။

ဒီ Xiaomi Mi Mix 2S ရဲ့ MIUI 11 Update ဟာ Android 10 OS ကို အခြေခံထားတာဖြစ်ပြီးတော့ China ROM အနေနဲ့ ထွက်ရှိလာတာလည်းဖြစ်ပါတယ်။ ဒီ MIUI 11 Update ဟာ Version အနေနဲ့ MIUI V11.0.1.0.QDGCNXM လို့ သိရပြီး Download ပြုလုပ်ရမယ့် File Size အနေနဲ့ကတော့ 2.1GB ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

ဒီ Mi Mix 2S ရဲ့ MIUI 11 Update ဟာဆိုရင် System Animation တွေအရရော Performance ပိုင်းကိုပါ ပိုကောင်းအောင်ပြုလုပ်ထားတာဖြစ်ပြီးတော့ App တွေအသုံးပြုတဲ့နေရာမှာလည်း သိသိသာသာကို မြန်ဆန်လာမှာဖြစ်ပါတယ်။ Xiaomi အနေနဲ့ Bugs တွေအများအပြားကိုလည်း Fix လုပ်ပေးထားတယ်လို့သိရပြီး Changelog အပြည့်အစုံကိုတော့ အောက်မှာကြည့်ရှုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Xiaomi Mi Mix 2S ကိုင်ထားတဲ့သူတွေအတွက်ကတော့ အခုပဲ Updater App ကနေ တစ်ဆင့် Update ကို စစ်ကြည့်သင့်တယ်နော်။

Ref – GSM Arena

Zawgyi





Ref – GSM Arena