Xiaomi က ၂၀၁၈ ခုနှစ်ထုတ် Mi Mix 3 အတွက် Android 10 အခြေပြု MIUI 11 ဖြန့်ချိပေးလိုက်ပါတယ်။ ဒါဟာ တရုတ် အတွက် မဟုတ်ဘဲ တစ်ကမ္ဘာလုံးအတွက် Stable Version ဖြစ်ပါတယ်။ Beta Stable Version မဟုတ်ပါဘူး။

အဲဒီ Update တွေမှာကိုယ်ပိုင် Firmware Codes တွေ ပါတဲ့အတွက် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှား နိုင်ငံတွေ အတွက် သာမကဘဲ တခြား နိုင်ငံတွေအတွက်ပါ အကျုံးဝင်ပါတယ်။ တစ်ကမ္ဘာလုံးအတွက် အခုမှ စတင်ပြီး ဖြည်းဖြည်းချင်း ဖြန့်ချိပေးလိုက်တဲ့အတွက် သင့် စမတ်ဖုန်းမှာ မရသေးရင် အချိန် ခဏ စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။

သင့် စမတ်ဖုန်းမှာ Global Stable ROM ရပြီဆိုရင် Notification ရရှိကြမှာ ဖြစ်ပြီး Version ဟာ MIUI 11.0.3.0 (QEEMIXM) ဖြစ်ပါတယ်။ ဖိုင်အရွယ်အစားဟာ 2GB ဖြစ်ပြီး Update မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွက် Security Patch ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Bugs တွေကို ပြင်ဆင်ထားပြီး စွမ်းဆောင်ရည်တွေကို တိုးတက်အောင် ဖန်တီးပေးထားပါတယ်။

Ref : gsmarena