Xiaomi ဟာ ပြီးခဲ့တဲ့လတုန်းက Snapdragon 8 Gen 3 Chipset ကို အစောဆုံးသုံးထားတဲ့ Xiaomi 14 Series ဖုန်းတွေကို မိတ်ဆက်ထားခဲ့ပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ်မှာ အဆိုပါ Xiaomi 14 Series ကို Global စျေးကွက်အတွက် ထပ်မံမိတ်ဆက်ဖို့ စီစဥ်ထားတဲ့အပြင် Foldable စျေးကွက်ကိုလည်း အနည်းဆုံး ဖုန်းအသစ် ၂ မျိုး မိတ်ဆက်မယ်လို့ သိရှိရပါတယ်။

Xiaomi ရဲ့ Mix Fold Series Foldable ဖုန်းအသစ်ဖြစ်လာမယ့် Xiaomi Mix Fold 4 ဖုန်းဟာ လာမယ့် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်မှာ မိတ်ဆက်ဖို့ စီစဥ်ထားပြီး ပထမနှစ်ဝက်ပိုင်းမှာ Flip Foldable ဖုန်းဖြစ်တဲ့ Xiaomi Mix Filp အသစ်ကို မိတ်ဆက်မှာဖြစ်ပါတယ်။ ဒါကြောင့် Xiaomi Mix Flip ဖုန်းဟာ Xiaomi အတွက် ပထမဆုံး Flip Type Foldable ဖုန်းဖြစ်လာမှာပါ။

အခုလည်း အဆိုပါ Xiaomi Mix Flip ဖုန်းမှာ အသုံးပြုလာမယ့် Chipset သတင်းအသစ်ပေါက်ကြားလာခဲ့ပါတယ်။ အဆိုပါသတင်းအရ Xiaomi Mix Flip ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။

ဒါကြောင့် Xiaomi Mix Flip ဖုန်းဟာ စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးမဟုတ်ပေမယ့် Camera ပိုင်းမှာ Triple Camera Setup ကိုမှ 3x Telephoto Sensor ထည့်သွင်းထားမယ်လို့ သိရတဲ့အတွက် Overall ပိုင်းမှာ တခြား Flip Foldable ဖုန်းတွေကို ယှဥ်ပြိုင်နိုင်မယ်လို့ ယူဆရပါတယ်။

Xiaomi Mix Flip ဖုန်းကို မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရသေးဘဲ တချို့သတင်းတွေက Xiaomi 14 Ultra မိတ်ဆက်မယ့် ဧပြီလမှာ အတူမိတ်ဆက်သွားဖွယ်ရှိတယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။

Ref – Gizmo China