Xiaomi က ဒီနှစ် နှောင်းပိုင်းမှာ ကုမ္ပဏီရဲ့ ပထမဆုံး Flip Foldable စမတ်ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပြီး အခုတော့ Xiaomi Mix Flip ကို Geekbench မှာ တွေ့လာရပါတယ်။ အဲဒီ ဖုန်းကို အရင်က NCC မှာ တွေ့ခဲ့ရပြီး Xiaomi က Mix Flip နဲ့အတူ အရွယ်အစား ပိုကြီးမားတဲ့ Mix Fold 4 ကို တရုတ်မှာ ဒီလနှောင်းပိုင်း ကြေညာမယ်လို့ အတည်ပြုထားပါတယ်။

Xiaomi Mix Flip on Geekbench

Xiaomi Mix Flip ရဲ့ မော်ဒယ်နံပါတ်က 2405CPX3DC ဖြစ်ပြီး Geekbench မှာ Snapdragon 8 Gen 3 Chipset ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီဖုန်းဟာ Single-core မှာ ၂,၀၈၇ မှတ်နဲ့ Multi-core မှာ ၆,၂၈၂ မှတ်ရထားပါတယ်။ Geekbench မှာ 12GB RAM နဲ့ Android 14 ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

Xiaomi Mix Flip passes by Geekbench with SD 8 Gen 3 - GSMArena.com news

မကြာခင်က NCC Listing အရ Dual-cell Battery ကို သုံးထားမှာ ဖြစ်ပြီး 4,740mAh Battery နဲ့ 67W Charging ပါလာမှာပါ။ အဲဒီက ဓါတ်ပုံတွေအရ ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 50MP Main (OIS) ကင်မရာ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena