Xiaomi က စွမ်းရည်မြင့် Xiaomi Pad 6 Series ကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ Xiaomi Pad 5 Series ကို ၂၀၂၁ ခုနှစ်မှာ ကြေညာခဲ့တဲ့အတွက် Pad 6 Series ကို ဒီနှစ် တရုတ်မှာ မိတ်ဆက်မယ်လို့ သတင်းများစွာ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၂ ခုနှစ်ဟာ ကုန်တော့မှာ ဖြစ်တဲ့အတွက် ၂၀၂၃ ခုနှစ်ကျမှ ကြေညာနိုင်ပါတယ်။ အခုတော့ Tipster Digital Chat Station က Xiaomi Pad 6 Series ကြေညာမယ့် အချိန်ကို ဝီဘိုမှာ အသိပေးလိုက်ပါတယ်။

သူက Xiaomi Pad 6 Series ကို ၂၀၂၃ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ကြေညာမယ်လို့ ပြောပါတယ်။ သူက Xiaomi ရဲ့ Sub-brand Redmi ဟာလည်း တက်ဘလက် အသစ် ၁ လုံးကို ဖန်တီးနေတယ်လို့ ပြောပေမယ့် တခြား သတင်းအချက်အလက်တွေကို မပြောပါဘူး။

Masterpiece” Xiaomi Pad 6 and Pad 6 Pro revealed the price, iPad Pro “beware”

Xiaomi Pad 6 နဲ့ Pad 6 Pro ရဲ့ လျှို့ဝှက်အမည်တွေက Pipa နဲ့ Liuqin တို့ အသီးသီး ဖြစ်ပါတယ်။ Pad 6 မှာ Snapdragon 870 Chipset နဲ့ Pad 6 Pro မှာ Snapdragon 8 Plus Gen 1 ပါလာနိုင်ပါတယ်။

Digital Chat Station က တက်ဘလက် ၂ လုံးစလုံးမှာ ၁၁ ကနေ ၁၂ လက်မ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာမယ်လို့ ပြောပါတယ်။ ၂ လုံးစလုံးရဲ့ အနောက်ဘက် ဘယ်ဘက်အထက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Dual-cell ဘက်ထရီ ပါလာနိုင်ပါတယ်။

အရင်သတင်းတွေအရ Xiaomi Pad 6 Pro ရဲ့ AMOLED မျက်နှာပြင်ဟာ 2880x1880p အရည်အသွေး ရှိပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Quad Speakers, NFC , Keyboard နဲ့ Stylus တွေ ထောက်ပံ့ထားနိုင်ပါတယ်။

Xiaomi Pad 6 Pro ကို တရုတ်မှာပဲ ရောင်းချမှာ ဖြစ်ပြီး Pad 6 ကို တရုတ်၊ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ရောင်းချနိုင်ပါတယ်။

Ref : gizmochina