အခုအချိန်အထိ ထွက်ရှိထားတဲ့သတင်းတွေအရ Xiaomi ဟာ မကြာခင်မှာ တရုတ်နိုင်ငံစျေးကွက်အတွက် Tablet Series အသစ်ဖြစ်တဲ့ Xiaomi Pad 7 Series ကို မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

အဆိုပါ Tab 7 Series ဟာ လက်ရှိ Xiaomi ရဲ့ ရောင်းအားကောင်းတဲ့ Xiaomi Pad 6 ၊​ Pad 6 Pro နဲ့ Pad 6 Max လိုမျိုး Tablet တွေကို အစားထိုးသွားမှာဖြစ်ပါတယ်။​

ဒါပေမယ့် မနှစ်တုန်းက Xiaomi Pad 6 Series Tablet တွေထဲမှာ အနိမ့်ဆုံးမော်ဒယ်ဖြစ်တဲ့ Xiaomi Pad 6 ကိုပဲ တရုတ်နိုင်ငံပြင်ပ Global စျေးကွက်အတွက် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပိုကောင်းမွန်တဲ့ Xiaomi Pad 6 Pro နဲ့ Pad 6 Max တွေဟာ တရုတ်နိုင်ငံမှာပဲ ဝယ်ယူနိုင်ခဲ့ပါတယ်။

အခုလာမယ့် Xiaomi Pad 7 Series Tablet တွေမှာလည်း အလားတူ ကန့်သတ်ချက်တွေရှိလာမယ်လို့ သိရပြီး အစောပိုင်းတုန်းက Pad 6 Series အတိုင်းပဲ Base Model Xiaomi Pad 7 ကိုပဲ Global စျေးကွက်မှာ မိတ်ဆက်သွားမယ်ဆိုပြီး ခန့်မှန်းနေကြတာဖြစ်ပါတယ်။​

ဒါပေမယ့် အခုထပ်မံသိရှိရတဲ့သတင်းတစ်ခုအရ Xiaomi ဟာ လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုမိုကောင်းမွန်တဲ့ Xiaomi Pad 7 Pro ကိုပါ Global Version အနေနဲ့ တကမ္ဘာလုံးမှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကို GSMChina သတင်းမီဒီယာတစ်ခုက ပြောကြားခဲ့တာဖြစ်ပြီး Xiaomi Pad 7 ဟာ Snapdragon 8+ Gen 1 Chipset ကို သုံးထားမှာဖြစ်ပေမယ့် Xiaomi Pad 7 Pro မှာ ပိုကောင်းမွန်တဲ့ Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။​ ဒါ့အပြင် Xiaomi Pad 7 Pro မှာ 144Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်တဲ့ LCD Display လည်းပါဝင်မှာဖြစ်ပါတယ်။​

Camera ပိုင်းမှာလည်း Xiaomi Pad 7 Pro ဟာ 50MP Main Camera ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး 67W Fast Charging ၊​ Quad Speaker Setup တွေလည်းပါဝင်မှာဖြစ်ပါတယ်။​ Software ပိုင်းမှာတော့ Android 14 ကို အခြေခံထားတဲ့ HyperOS ကို အသုံးပြုထားမယ်လို့ သိရပါတယ်။​

Ref – Gizmo China