အခုအချိန်မှာ Xiaomi ရဲ့ Brand အခွဲကုမ္ပဏီတစ်ခုဖြစ်သွားပြီဖြစ်တဲ့ Poco ဟာ နောက်ဆုံးအနေနဲ့ Poco X2 စမတ်ဖုန်းကို မိတ်ဆက်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Pocophone F1 အတွက် Android 10 Stable Update ကို အခုအချိန်မှာ ထုတ်ပေးလိုက်ပြီလို့သိရပါတယ်။

Xiaomi ဟာ Pocophone F1 အတွက် Android 10 Beta Update ကို စမ်းသပ်နေခဲ့တာ အချိန်အားဖြင့် ၁ လကျော်ရှိသွားပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီလိုမျိုး Android 10 Stable Update ကို ထုတ်ပေးနိင်တာဖြစ်ပြီး ဘာပဲဖြစ်ဖြစ် သက်တမ်း ၂ နှစ်နီးပါးရှိတဲ့ဖုန်းတစ်လုံးအနေနဲ့တော့ အထင်ကြီးစရာပါ။

ဒီ Android 10 Stable Version ဟာ MIUI 11 Version v11.0.6.0.QEJMIXM အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး Android 10 ရဲ့ Feature တွေဖြစ်တဲ့ System-wide Dark Theme ၊ Privacy Improvement တွေနဲ့ Font အသစ်တွေ၊ Ambient Display ပိုင်းမှာပါတိုးတက်မှုတွေရရှိလာမယ်လို့ သိရပါတယ်။ ပြီးတဲ့ February 2020 Security Patch လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

Xiaomi ဟာ အစောပိုင်းတုန်းကတော့ Beta Program ကိုဝင်ရောက်ထားတဲ့အသုံးပြုသူတွေကိုပဲ Update ထုတ်ပေးနေခဲ့ပေမယ့် အခုအချိန်မှာတော့ Poco F1 အသုံးပြုသူအားလုံးအတွက် ယခု Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဲ့ဒီအတွက် Poco F1 ကို အသုံးပြုနေတယ်ဆိုရင် အခုပဲ Android 10 Update ရမရ စစ်ဆေးကြည့်လို့ရပါပြီ။

Ref – Android Police