Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Poco ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Poco F4 ဖြစ်လာမှာဖြစ်ပြီး အခုအချိန်မှာတော့ Geekbench Benchmark အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ Geekbench Benchmark အရတော့ Xiaomi Poco F4 ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မိတ်ဆက်ထားတဲ့ Redmi K40S ဖုန်းနဲ့ ဆင်တူမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း Geekbench အရ Poco F4 ဖုန်းဟာ Qualcomm Snapdragon 870 Chipset ကိုပဲ အသုံးပြုလာမှာကြောင့်ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Xiaomi Poco F4 ဖုန်းမှာ Qualcomm Snapdragon 870 Chipset အပြင် RAM 8GB ပါဝင်မှာဖြစ်ပြီး Android 12 OS ကိုလည်း အသုံးပြုထားမယ်လို့ သိရပါတယ်။ Geekbench Performance ရမှတ်တွေအရလည်း တခြားသော Snapdragon 870 Chipset ဖုန်းတွေနဲ့ ဆင်တူနေတာကိုတွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် Poco F4 ဖုန်းရဲ့ Design ပိုင်းကို အတည်ပြုနိုင်ခြင်းမရှိသေးတာကြောင့် Redmi K40S နဲ့ တူညီမလားဆိုတာကိုတော့ အတိအကျပြောနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ယခင်တုန်းက ထွက်ရှိထားတဲ့ Poco စမတ်ဖုန်းတွေဟာ Global စျေးကွက်မှာ စျေးနှုန်းသက်သက်သာသာနဲ့ ယှဥ်ပြိုင်နိုင်တာကြောင့် အခု အသစ်ထွက်ရှိလာမယ့် Poco F4 ဖုန်းကလည်း Price-to-Performance ကောင်းတဲ့ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena