Unicode

Xiaomi ကနေ POCO ကို သီးသန့် Sub-brand တစ်ခုအနေနဲ့ ခွဲထုတ်လိုက်ပြီး POCO X2 နာမည်နဲ့ စမတ်ဖုန်းအသစ်ကို လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့ကြရင် India မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ POCO X2 စမတ်ဖုန်းဟာ Redmi K30 ကိုပဲ နာမည်ပြောင်းထားတာဆိုပြီး ကောလဟာလထွက်ရှိနေသလို အခုလည်း အဆိုပါ ကောလဟာလကို အတည်ပြုနိုင်တဲ့ သတင်းတစ်ခုထွက်ရှိလာပါတယ်။

ဒါကတော့ အဆိုပါ POCO X2 စမတ်ဖုန်းရဲ့ Official Render ဓါတ်ပုံနဲ့အတူ India မှာ ရောင်းချသွားမယ့် စျေးနှုန်းတွေပါ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ POCO X2 ရဲ့ အဓိက Specification အချို့လည်း ပါဝင်နေပါတယ်။

ဒီဓါတ်ပုံအရတော့ POCO X2 စမတ်ဖုန်းဟာ “Smooth AF” ဆိုတဲ့ Tagline နဲ့ ကြော်ငြာသွားမှာဖြစ်ပြီး 6.67″ 120Hz Display နဲ့ 64MP Sony IMX686 Sensor ပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒီ 120Hz Display ကိုတော့ POCO ကနေ “RealityFlow Display” ဆိုပြီး သုံးနှုန်းထားတာကိုလည်း တွေ့ရပါတယ်။

အခု POCO X2 စမတ်ဖုန်းဟာ Snapdragon 730G Processor ကို အသုံးပြုလာမယ့်အပြင် Battery ကလည်း 4500mAh Battery ကို ထည့်သွင်းထားမှာပါ။ အဲ့ဒီအတွက် လုံးဝကို နာမည်ပြောင်းလဲလိုက်တာကလွဲရင် Redmi K30 စမတ်ဖုန်းနဲ့ တူညီနေမှာလည်းဖြစ်ပါတယ်။

ဒီလိုမျိုး Redmi K30 စမတ်ဖုန်းနဲ့ တူညီတယ်ဆိုပေမယ့်လည်း စျေးနှုန်းအနေနဲ့ India Rupees 18,999 (မြန်မာငွေ ၃ သိန်း ၉ သောင်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပါတယ်။ ဒီစျေးနှုန်းဟာ Redmi K30 ရဲ့ Entry Model ဖြစ်တဲ့ RAM 6GB နဲ့ Storage 64GB Version စျေးနှုန်း 1,599 Yuan (မြန်မာငွေ ၃ သိန်း ၄ သောင်းဝန်းကျင်) ထက် ပိုများနေပါတယ်။ အဲ့ဒါကြောင့် POCO X2 ဟာ မနှစ်တုန်းက Redmi K20 အတွက် Mi 9T လိုမျိုးပဲ Redmi K30 ရဲ့ Global Version ဖြစ်လာမှာပါ။

Ref – Gizmo China

Zawgyi

Xiaomi ကေန POCO ကို သီးသန္႔ Sub-brand တစ္ခုအေနနဲ႔ ခြဲထုတ္လိုက္ၿပီး POCO X2 နာမည္နဲ႔ စမတ္ဖုန္းအသစ္ကို လာမယ့္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ၾကရင္ India မွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ အဆိုပါ POCO X2 စမတ္ဖုန္းဟာ Redmi K30 ကိုပဲ နာမည္ေျပာင္းထားတာဆိုၿပီး ေကာလဟာလထြက္ရွိေနသလို အခုလည္း အဆိုပါ ေကာလဟာလကို အတည္ျပဳႏိုင္တဲ့ သတင္းတစ္ခုထြက္ရွိလာပါတယ္။

ဒါကေတာ့ အဆိုပါ POCO X2 စမတ္ဖုန္းရဲ႕ Official Render ဓါတ္ပုံနဲ႔အတူ India မွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းေတြပါ ေပါက္ၾကားလာခဲ့တာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ POCO X2 ရဲ႕ အဓိက Specification အခ်ိဳ႕လည္း ပါဝင္ေနပါတယ္။

ဒီဓါတ္ပုံအရေတာ့ POCO X2 စမတ္ဖုန္းဟာ “Smooth AF” ဆိုတဲ့ Tagline နဲ႔ ေၾကာ္ျငာသြားမွာျဖစ္သလို 6.67″ 120Hz Display နဲ႔ 64MP Sony IMX686 Sensor ပါဝင္တဲ့ Quad Camera Setup ကို အသုံးျပဳလာမွာျဖစ္ပါတယ္။ ဒီ 120Hz Display ကိုေတာ့ POCO ကေန “RealityFlow Display” ဆိုၿပီး သုံးႏႈန္းထားတာကိုလည္း ေတြ႕ရပါတယ္။

အခု POCO X2 စမတ္ဖုန္းဟာ Snapdragon 730G Processor ကို အသုံးျပဳလာမယ့္အျပင္ Battery ကလည္း 4500mAh Battery ကို ထည့္သြင္းထားမွာပါ။ အဲ့ဒီအတြက္ လုံးဝကို နာမည္ေျပာင္းလဲလိုက္တာကလြဲရင္ Redmi K30 စမတ္ဖုန္းနဲ႔ တူညီေနမွာလည္းျဖစ္ပါတယ္။

ဒီလိုမ်ိဳး Redmi K30 စမတ္ဖုန္းနဲ႔ တူညီတယ္ဆိုေပမယ့္လည္း ေစ်းႏႈန္းအေနနဲ႔ India Rupees 18,999 (ျမန္မာေငြ ၃ သိန္း ၉ ေသာင္းဝန္းက်င္) ကေန စတင္မွာျဖစ္ပါတယ္။ ဒီေစ်းႏႈန္းဟာ Redmi K30 ရဲ႕ Entry Model ျဖစ္တဲ့ RAM 6GB နဲ႔ Storage 64GB Version ေစ်းႏႈန္း 1,599 Yuan (ျမန္မာေငြ ၃ သိန္း ၄ ေသာင္းဝန္းက်င္) ထက္ ပိုမ်ားေနပါတယ္။ အဲ့ဒါေၾကာင့္ POCO X2 ဟာ မႏွစ္တုန္းက Redmi K20 အတြက္ Mi 9T လိုမ်ိဳးပဲ Redmi K30 ရဲ႕ Global Version ျဖစ္လာမွာပါ။

Ref – Gizmo China