[Zawgyi]

မတ္လ ဆန္းေလာက္တုန္းက Xiaomi ရဲ႕ တြဲဖက္တည္ေထာင္သူ နဲ႔ ဥကၠ႒ျဖစ္တဲ့ Lin Bin က Foldable ဖုန္းကိုင္တြယ္အသုံးျပဳေနတဲ့ ဗြီဒီယိုဖိုင္ကို လူမႈကြန္ရက္ေပၚတင္ၿပီး ျပသခဲ့ပါတယ္။ မတ္လ ဒုတိယပတ္ေလာက္မွာေတာ့ Xiaomi ရဲ႕ Folding ဖုန္းနဲ႔ပတ္သက္ၿပီး Concept ဗြီဒီယို ေပၚထြက္လာခဲ့ပါတယ္။

Flagship Killer လို႔ နာမည္ႀကီးခဲ့တဲ့ Xiaomi ဟာ Mi Fold Concept ဗြီဒီယို ထြက္ၿပီးခ်ိန္မွာ ေသခ်ာေပါက္ Galaxy Fold Killer ျဖစ္လာလိမ့္မယ္လို႔ ထင္ေၾကးေပးျခင္းကို ခံခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ Xiaomi ရဲ႕ Foldable ဖုန္းနဲ႔ ပတ္သက္တဲ့သတင္းေတြက ၿငိမ္သက္သြားခဲ့ပါတယ္။

မတ္လရဲ႕ ေနာက္ဆုံးရက္သတၱပတ္ေရာက္ရွိခ်ိန္မွာေတာ့ Xiaomi ရဲ႕ Foldable ဖုန္းဟာ ေနာက္ထပ္ ဗြီဒီယို တစ္ခုနဲ႔အတူ ေပၚထြက္လာျပန္ပါတယ္။ ဒီဗြီဒီယိုဟာ Promo ဗြီဒီယိုလို႔ ေျပာရမွာျဖစ္ၿပီး ဖုန္းနဲ႔သက္ဆိုင္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ အခုထိသိရွိရျခင္း မရွိေသးဘဲ ျဖစ္ေနပါတယ္။

ဗြီဒီယိုဟာ Xiaomi Foldable ဖုန္းရဲ႕ Back gesture ကို အဓိက ျပသခ်င္တယ္လို႔လည္း ယူဆရပါတယ္။ ေနာက္တစ္ခ်က္က Xiaomi Foldable ဖုန္းဟာ Tablet အျဖစ္လည္း ေကာင္းေကာင္းသုံးႏိုင္သလို အစြန္းႏွစ္ဘက္ကို အျမန္ေခါက္သိမ္းႏိုင္ၿပီး စမတ္ဖုန္းအသြင္ကို အလြယ္တကူ ကူးေျပာင္းႏိုင္ေၾကာင္းကို ႂကြားလုံးထုတ္ထား႐ုံသက္သက္လို႔ပဲ ဆိုရမွာပါ။

Xiaomi ရဲ႕ ဒီ Foldable ဖုန္းကို ၂၀၁၉ ဒုတိယသုံးလပတ္ျဖစ္တဲ့ ဧၿပီလကေန ဇြန္လအတြင္းမွာ ေဈးကြက္တြင္းေရာက္ရွိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ေဈးႏႈန္းကေတာ့ အားလုံးသိၿပီးတဲ့အတိုင္း Samsung Galaxy fold ရဲ႕ တစ္ဝက္ပဲ ရရွိမွာပါ။ Xiaomi ဟာ အခုလို ႏွစ္ဖက္ေခါက္ႏိုင္တဲ့ Flexible မ်က္ႏွာျပင္ကို Visionox နဲ႔ ပူးတြဲဖန္တီးခဲ့ရတာျဖစ္ၿပီး MIUI နဲ႔ ႏွစ္ဖက္ေခါက္ႏိုင္တဲ့ နည္းပညာေတြအားလုံးကေတာ့ Xiaomi ကပဲ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Xiaomi ရဲ့ Double Folding Phone ဗွီဒီယို အသစ်တစ်ခု ထွက်ပေါ်လာပြန်

မတ်လ ဆန်းလောက်တုန်းက Xiaomi ရဲ့ တွဲဖက်တည်ထောင်သူ နဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Lin Bin က Foldable ဖုန်းကိုင်တွယ်အသုံးပြုနေတဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်တင်ပြီး ပြသခဲ့ပါတယ်။ မတ်လ ဒုတိယပတ်လောက်မှာတော့ Xiaomi ရဲ့ Folding ဖုန်းနဲ့ပတ်သက်ပြီး Concept ဗွီဒီယို ပေါ်ထွက်လာခဲ့ပါတယ်။

Flagship Killer လို့ နာမည်ကြီးခဲ့တဲ့ Xiaomi ဟာ Mi Fold Concept ဗွီဒီယို ထွက်ပြီးချိန်မှာ သေချာပေါက် Galaxy Fold Killer ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Xiaomi ရဲ့ Foldable ဖုန်းနဲ့ ပတ်သက်တဲ့သတင်းတွေက ငြိမ်သက်သွားခဲ့ပါတယ်။

မတ်လရဲ့ နောက်ဆုံးရက်သတ္တပတ်ရောက်ရှိချိန်မှာတော့ Xiaomi ရဲ့ Foldable ဖုန်းဟာ နောက်ထပ် ဗွီဒီယို တစ်ခုနဲ့အတူ ပေါ်ထွက်လာပြန်ပါတယ်။ ဒီဗွီဒီယိုဟာ Promo ဗွီဒီယိုလို့ ပြောရမှာဖြစ်ပြီး ဖုန်းနဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အခုထိသိရှိရခြင်း မရှိသေးဘဲ ဖြစ်နေပါတယ်။

ဗွီဒီယိုဟာ Xiaomi Foldable ဖုန်းရဲ့ Back gesture ကို အဓိက ပြသချင်တယ်လို့လည်း ယူဆရပါတယ်။ နောက်တစ်ချက်က Xiaomi Foldable ဖုန်းဟာ Tablet အဖြစ်လည်း ကောင်းကောင်းသုံးနိုင်သလို အစွန်းနှစ်ဘက်ကို အမြန်ခေါက်သိမ်းနိုင်ပြီး စမတ်ဖုန်းအသွင်ကို အလွယ်တကူ ကူးပြောင်းနိုင်ကြောင်းကို ကြွားလုံးထုတ်ထားရုံသက်သက်လို့ပဲ ဆိုရမှာပါ။

Xiaomi ရဲ့ ဒီ Foldable ဖုန်းကို ၂၀၁၉ ဒုတိယသုံးလပတ်ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ ဈေးကွက်တွင်းရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဈေးနှုန်းကတော့ အားလုံးသိပြီးတဲ့အတိုင်း Samsung Galaxy fold ရဲ့ တစ်ဝက်ပဲ ရရှိမှာပါ။ Xiaomi ဟာ အခုလို နှစ်ဖက်ခေါက်နိုင်တဲ့ Flexible မျက်နှာပြင်ကို Visionox နဲ့ ပူးတွဲဖန်တီးခဲ့ရတာဖြစ်ပြီး MIUI နဲ့ နှစ်ဖက်ခေါက်နိုင်တဲ့ နည်းပညာတွေအားလုံးကတော့ Xiaomi ကပဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Ref: GSMArena