Xiaomi ဟာ Redmi Note 12 Series ကို ကြေညာမယ်လို့ မကြာခင်က သတင်းပေးခဲ့ပြီး ဒီလထဲ ဖြစ်နိုင်ပါတယ်။ အဲဒီ Series ထဲမှာ Redmi Note 12, Note 12 Pro နဲ့ Note 12 Pro+ တို့ ပါဝင်မှာပါ။ အရင်က Redmi Note Series တွေကို ထုတ်လုပ်ရောင်းချခဲ့တဲ့ အစဉ်အလာအရ Xiaomi ဟာ Redmi Note 12 Series တွေကို အနာဂတ်မှာ ထပ်မံ ထုတ်လုပ်ဦးမှာပါ။

Leaked Xaiomi Redmi Note 12 banner

အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ Redmi Note 12 ဖုန်း ၁ လုံးရဲ့ Banner ထွက်ပေါ်လာပြီး Redmi Note 12 Pro+ ဖြစ်နိုင်ကာ မျက်နှာပြင်ကွေး ပါလာပါတယ်။ မျက်နှာပြင် အမျိုးအစားက AMOLED ဖြစ်နိုင်ပါတယ်။

Redmi Note 12 camera, fast charging specifications tipped: launch timeline

Redmi Note 12 Pro မော်ဒယ် ၂ လုံးမှာ MediaTek Dimensity 1080 Chipset သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။ 1080 ဟာ Dimensity 920 ထက် တိုးတက်မှုတွေ ပါလာပြီး အဓိက စွမ်းရည်က 200MP ကင်မရာကို ထောက်ပံ့တာပါ။ အဲဒီအတွက် Redmi Note 12 ဖုန်း အနည်းဆုံး ၁ လုံးမှာ 200MP ကင်မရာ ပါလာနိုင်ပါတယ်။

Xiaomi က အဲဒီ ဖုန်းတွေမှာ အဓိက နည်းပညာ ၂ ခု ပါလာမှာ ဖြစ်ပြီး ၁ ခုက ကမ္ဘာ့ ပထမဆုံး ဖြစ်တယ်လို့ ပြောထားပါတယ်။ Redmi Note 12 Pro+ မှာ 210W Charging ပါလာမယ်လို့ မှတ်ပုံတင် သတင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Ref : gsmarena