Xiaomi က Redmi Note 14S ကို  Czechia နဲ့ ယူကရိန်းမှာ ကြေညာလိုက်ပြီး အဲဒီဖုန်းဟာ ကင်မရာ Island ကို ဒီဇိုင်းပြောင်းထားတဲ့ Redmi Note 13 Pro 4G ဖြစ်ပါတယ်။

Xiaomi launches Redmi Note 14S with a familiar set of specs

Redmi Note 14S မှာ Helio G99 Chipset ထည့်သွင်းထားပြီး 6.67” AMOLED Display တပ်ဆင်ထားပါတယ်။ 120Hz Refresh Rate နဲ့ Full HD+ Resolution ထည့်ထားပြီး အနောက်ဘက်မှာ 200MP Main ကင်မရာ တပ်ဆင်ထားပါတယ်။

Xiaomi Redmi Note 14S: Leak reveals 120Hz AMOLED display and 200MP camera -  NotebookCheck.net News

Xiaomi က ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ကြေညာခဲ့တဲ့ Redmi Note 13 Pro 4G မှာ ဒိတ်အောက်နေတဲ့ Android 13 ပဲ ထည့်ပေးခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ OS Version ကို မပြောထားပါဘူး။ အဲဒီအတွက် OS Version ဟာ ဒိတ်အောက်နေသလားဆိုတာ သံသယ ဖြစ်စရာပါ။

Xiaomi က Redmi Note 14S အတွက် Blue, Purple နဲ့ Black ၃ ရောင်ထုတ်ပေးထားပါတယ်။ ဈေးနှုန်းက 8/256GB Version ကို ၂၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena