Xiaomi ဟာ ပြီးခဲ့တဲ့လကပဲ Mi 11 ကို ကြေညာလိုက်ပြီး Qualcomm Snapdragon 888 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို တရုတ်မှာ ပထမဆုံး အသုတ်ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ရောင်းအား တော်တော် ကြမ်းနေပါတယ်။

Xiaomi sells 350,000 Mi 11 units in 5 minutes

Xiaomi က ၅ မိနစ်အတွင်း Mi 11 အလုံးရေ ၃၅၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ယွမ် ၁.၅ ဘီလီယမ်ကျော်ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ တရုတ်က လူတွေဟာ ပေးရတဲ့ ဈေးထက် Specs တွေက ပိုလန်းနေတဲ့အတွက် အခုလို Mi 11 ကို အလုအယက် ဝယ်ယူခဲ့ကြတာလို့ ထင်ရပါတယ်။ မကြာခင် တခြားနိုင်ငံတွေမှာ Xiaomi Mi 11 ကို ရောင်းပေးမယ်လို့ ထင်ပါတယ်။

Xiaomi Mi 11 supports Multi Link 5.0, offers seamless switching between WiFi and mobile data - Gizmochina

Xiaomi Mi 11 ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။ အဲဒီဖုန်းမှာ ၆.၈၁ လက်မ AMOLED QHD+ မျက်နှာပြင်ပါလာပါတယ်။ 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင်  တုန့်ပြန်မှု အရမ်းကောင်းပြီး အမြင့်ဆုံး အနေနဲ့ 1,500 nits Brightness အထိ ထောက်ပံ့ထားပါတယ်။

ကင်မရာတွေ အကြောင်းပြောရရင် အနောက်ဘက်မှာ 108MP Main , 13MP Ultrawide Angle နဲ့ 5MP Macro ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP Punch Hole ၁ လုံး ထည့်သွင်းထားပါတယ်။ 4,600mAh ဘက်ထရီ ထည့်သွင်းထားပြီး 55W Wired Fast Charging , 50W Wireless နဲ့ 10W Reverse Charging တွေ ထောက်ပံ့ထားပါတယ်။ Android 11 အခြေပြု MIUI 12.5 မောင်းနှင်ထားပါတယ်။

Ref : gsmarena