Xiaomi က HyperOS ကို Xiaomi 12 Pro နဲ့ Xiaomi 11 Lite 5G NE အတွက် ဖြန့်ချိပေးလိုက်ပါတယ်။ မကြာခင်က Redmi Note 11 Pro 4G အတွက် ဖြန့်ချိပေးခဲ့ပါတယ်။

Xiaomi 12 Pro နဲ့ Xiaomi 11 Lite 5G NE တို့ဟာ လူကြိုက်များတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ သူတို့မှာ အဲဒီအချိန်တုန်းက အကောင်းဆုံး SoC တွေ ထည့်သွင်းထားပါတယ်။ အခုတော့ Xiaomi က အဲဒီဖုန်း ၂ လုံးအတွက် HyperOS ကို ဖြန့်ချိပေးလိုက်ပါတယ်။ အဲဒီ HyperOS Update ဟာ Android 14 အခြေပြု ဖြစ်ပါတယ်။

Xiaomi CEO announces HyperOS, first to arrive with the Xiaomi 14 series -  GSMArena.com news

HyperOS Update ရဲ့ Build Number က  OS1.0.1.0.ULBMIXM နဲ့ OS1.0.1.0.UKOCNXM တို့ ဖြစ်ပါတယ်။ Xiaomi 12 Pro ဟာ နိုင်ငံတကာဈေးကွက်မှာ အဲဒီ Update ကိုရတာ ဖြစ်ပြီး Xiaomi 11 Lite 5G NE ဟာ တရုတ် ဈေးကွက်မှာရသွားပါတယ်။ တခြားနိုင်ငံတွေမှာ မကြာခင်ရတော့မယ်လို့ ထင်ပါတယ်။

လက်ရှိမှာ အဲဒီ Update ကို Mi Pilots အတွက်ပဲ ဖြန့်ချိပေးထားတာ ဖြစ်ပေမယ့် အနာဂတ်မှာ User အားလုံးအတွက် ရကြမှာ ဖြစ်ပါတယ်။ Xiaomi 12 Pro နဲ့ Xiaomi 11 Lite 5G NE တို့ဟာ HyperOS Update နဲ့အတူ ဖေဖော်ဝါရီလအတွက် Security Patch ကို ရသွားကြပါတယ်။

Ref : gizmochina