Xiaomi SU7 လျှပ်စစ်ကားကို တရုတ်က စတိုးတွေမှာ ပြသထားပါပြီ။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အဲဒီကားကို ကြေညာခဲ့တာပါ။ Xiaomi SU7 မှာ 495kW လျှပ်စစ်မော်တာနဲ့ ၈၀၀ ကီလိုမီတာ မောင်းနှင်နိုင်တဲ့ 101kWh CATL Qilin Battery တပ်ဆင်ထားပါတယ်။ ကြေညာပြီး ၂၄ နာရီအတွင်း စတိုးတွေမှာ ကားကို ပြသထားတာပါ။

Xiaomi SU7 electric sedan

Xiaomi ဟာ ထိပ်တန်း အီလက်ထရောနစ် ကုမ္ပဏီ ဖြစ်ပြီး လျှပ်စစ်ကား နယ်ပယ်ထဲကို ဝင်ရောက်လာတာပါ။ ကား အမြောက်အများ ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ပြုလုပ်မှာ ဖြစ်ပြီး နောက်လ အနည်းငယ်အကြာမှာ ရောင်းချမှာပါ။

SU7 ကို BAIC မှာ တပ်ဆင်မှာပါ။ SU7 ကို ဘေဂျင်း၊ ရှန်ဒီမှ Xiaomi Science and Technology Park ရဲ့ ကုမ္ပဏီ ရုံးချုပ်က Xiaomi စတိုးမှာ အရင်ဆုံး ပြသထားတာပါ။ အဲဒီကားကို တရုတ် နိုင်ငံ တလွှားမှ Xiaomi ရဲ့ စတိုးတွေမှာလည်း ပြသမှာပါ။

ကွာတား ၁ အတွင်း Xiaomi စတိုးများစွာမှာ ပြသမယ်လို့ ထင်ရပါတယ်။ Mi စတိုးများစွာဟာ ဈေးဝယ်စင်တာရဲ့ ပထမအထပ်မှာ တည်ရှိပြီး ကားပြသလို့ရလောက်အောင် မကြီးမားပါဘူး။ ဒါပေမယ့် ကုမ္ပဏီက စတိုး တချို့မှာ ကားပြသလို့ရအောင် ပြင်ဆင်မှု ပြုလုပ်နိုင်ပါတယ်။

Xiaomi SU7 electric sedan

SU7 အတွက် Aqua Blue, Verdant Green နဲ့ Mineral Gray အရောင် ၃ ရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး ကား အရောင်နဲ့ တူညီတဲ့ စမတ်ဖုန်း၊ စမတ်နာရီနဲ့ တခြား Accessory တွေကိုလည်း ထုတ်လုပ်ရောင်းချမှာပါ။ SU7 အပါအဝင် Xiaomi Device အားလုံးမှာ HyperOS Operating System ကို အစားထိုးမှာပါ။

Xiaomi က SU7 ရဲ့ ဈေးနှုန်းကို မပြောသေးပေမယ့် ယွမ် ၃၀၀,၀၀၀ ( ၄၂,၃၀၆ ဒေါ်လာ)နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina