Xiaomi ကုမ္ပဏီဟာ လာမယ့် ၂၆ ရက်နေ့မှာ ထုတ်ကုန်သစ်တွေ အများအပြားမိတ်ဆက်လာဖို့ရှိပါတယ်။ Redmi 10X စမတ်ဖုန်းသုံးလုံးကို မြင်ရဖို့ မျှော်လင့်ထားပေမယ့် ယနေ့မှာတော့ ကုမ္ပဏီက Redmi X TV အသစ်နဲ့ 16.1” Display ပါတဲ့ Laptop တို့ကို Teaser တင်လာခဲ့ပါတယ်။

တီဗီအသစ်ဟာ Redmi Smart TV Max လို့ခေါ်တဲ့ 98” လက်မအရွယ် 4K TV မျိုးဆက်ထဲ ပါဦးမှာဖြစ်သလို ၂၀၁၉ ခုနှစ်က မိတ်ဆက်ထားတဲ့ 70” Redmi TV အရွယ်မှာလည်း မြင်ရမှာပါ။ Motion Estimation Motion Compensation (MEMC) လို့အမည်ပေးထားတဲ့ နည်းပညာက ဗီဒီယို Run နေစဉ်မှာ လိုအပ်တဲ့ဖရိန်ကို အလိုအလျှောက်ဖြည့်ပေးတဲ့အတွက် 120FPS နဲ့ကြည့်ရင်တောင် တစ်ဆက်စပ်တည်း ဖြစ်နေမှာပါ။

Laptop အသစ်ကတော့ Ultra-Thin Bezel ဘောင်တွေ ပါဝင်ပြီး Display ရဲ့ဘေးမှာ 3.26mm သာ အထူရှိမှာပါ။ ဒါ့ကြောင့် Screen-to-body အချိုးက 90% ထိရှိမှာဖြစ်ပါတယ်။ အခြား Specs တွေထဲ Ryzen 4000 ပရိုဆက်ဆာလည်း အပါအဝင်ဖြစ်ပြီး ပိုမြင့်တဲ့ Ryzen 5 နဲ့ Ryzen 7 စီးရီးတွေလည်း ရွေးချယ်နိုင်ဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။

လာမယ့်အင်္ဂါနေ့မှာ Xiaomi ရဲ့ ထုတ်ကုန်သစ်တွေကိုမြင်ရတော့မှာဖြစ်ပြီး ဒီတစ်ခါတော့ စမတ်ဖုန်းတွေသာမက စိတ်ဝင်စားစရာ အခြားနည်းပညာထုတ်ကုန်တွေကိုလည်း ရှုစားရမှာပါ။

Ref – GSMArena