Xiaomi ဟာ မကြာသေးခင်တုန်းကပဲ 120W Fast Charging နည်းပညာပါဝင်တဲ့ Redmi K50 Gaming ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Xiaomi ကနေ ပိုပြီး မြန်ဆန်တဲ့ 150W Charging နည်းပညာအသစ်ကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။

ယခင်တုန်းက အခုလိုမျိုး 150W Fast Charging နည်းပညာကို ကုမ္ပဏီအများအပြားက စမ်းသပ်ခဲ့ဖူးပြီး အခုနှစ်အတွင်းမှာလည်း realme လိုမျိုး ကုမ္ပဏီတွေကနေ 150W Charging ပါဝင်တဲ့ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါကြောင့် ယခုနှစ်ဟာ စမတ်ဖုန်းတွေအတွက် Fast Charging ပိုင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်လာမှာသေချာနေပါတယ်။

ယခု Xiaomi ကနေ ဆောင်ရွက်နေတဲ့ 150W Fast Charging နည်းပညာနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေမယ့် ယခုနှစ်အတွင်းမှာ မိတ်ဆက်သွားဖို့ကတော့ သေချာသလောက်ဖြစ်နေပြီလို့ သိရပါတယ်။ တချို့သောသတင်းတွေအရတော့ Xiaomi ဟာ ဒီ 150W Fast Charging နည်းပညာကို Mi Mix 5 ဖုန်းမှာ ပထမဆုံးအနေနဲ့ ထည့်သွင်းသွားနိုင်ခြေရှိနေပါတယ်။

Xiaomi Mi Mix 5 စမတ်ဖုန်းဟာ 150W Fast Charging အပြင် Under Display Camera လိုမျိုး နည်းပညာအသစ်တွေကို အများအပြားအသုံးပြုလာနိုင်ပြီးတော့ လာမယ့် ၂၀၂၂ ခုနှစ် နှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena