Xiaomi က ဒီနှစ် အစောပိုင်းမှာ တန်ဖိုးနည်း Redmi 9A ကို တရုတ်မှာ ရောင်းပေးခဲ့ပြီး အရွယ်ကြီး မျက်နှာပြင်နဲ့ ဘက်ထရီ ၊ 3GB RAM ၊ 32GB Storage တွေ ပါပါတယ်။ အဲဒီ စမတ်ဖုန်းကို Redmi 9i နာမည်နဲ့ အိန္ဒိယမှာ ရောင်းပေးခဲ့ပြီး 4GB RAM နဲ့ 64GB Storage တွေ ထည့်သွင်းထားပါတယ်။

အခုတော့ တရုတ်မှာ 6GB RAM နဲ့ 128GB Storage ပါတဲ့ Redmi 9A မော်ဒယ် အသစ် ၁ လုံးကို ရောင်းပေးလိုက်ပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်းကို RAM/ Storage များများနဲ့ ကိုင်ချင်သူတွေအတွက် အရမ်း သင့်တော်ပြီး ဖုန်းပိုမြန်လာသလို ဓါတ်ပုံနဲ့ ဗီဒီယိုတွေလည်း များများ သိမ်းနိုင်မှာပါ။ ၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၉ သောင်းလောက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

Redmi 9A ရဲ့ တခြား Specs တွေကတော့ မူလမော်ဒယ်နဲ့ အတူတူပါပဲ။ ကင်မရာတွေ အကြောင်း ပြောရရင် အရှေ့ဘက်မှာ 13MP နဲ့ အနောက်ဘက်မှာ 5MP ကင်မရာ ၁ လုံးစီပဲ ပါပါတယ်။ အနောက်ကင်မရာက 1080p ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပြီး အရှေ့ ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။ ၆.၅၃ လက်မ LCD HD+ မျက်နှာပြင်နဲ့ Helio G25 Chipset တွေ ပါပါတယ်။

တန်ဖိုးနည်း ဖုန်းမှာ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ပေးထားတာ မိုက်ပေမယ့် 10W Charging နဲ့ microUSB Port ပဲ ပါလာပါတယ်။ တရုတ်မှာ ၂၉ ရက်နေ့ စရောင်းပေးမှာ ဖြစ်ပြီး ဈေးနှုန်းက ၉၉၉ ယွမ် ဖြစ်ပါတယ်။ တရုတ်မှာ အဲဒီဈေးနဲ့ဆိုရင် Chipset ၊ မျက်နှာပြင် ၊ ကင်မရာ၊ ဘက်ထရီနဲ့ အားသွင်းနှုန်းတွေ ပိုကောင်းတဲ့ Redmi 10X 4G ကိုတောင် ရနိုင်ပါတယ်။

Ref : gsmarena