Xiaomi ရဲ့ Redmi Note Series ဖုန်းတွေဟာ အခုအချိန်အထိ Mid Range စမတ်ဖုန်းစျေးကွက်ထဲမှာ အအောင်မြင်ဆုံးစမတ်ဖုန်းတွေလို့ ပြောရင်လည်းမမှားပါဘူး။ အခုအချိန်မှာလည်း Xiaomi ကနေ Redmi Note 9 Series ဖုန်းတွေမိတ်ဆက်မယ့်အအချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။

Xiaomi ရဲ့ ကြေညာချက်အရတော့ Redmi Note 9 Series ဟာ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို Redmi India ကနေ ဖော်ပြခဲ့တာဖြစ်တဲ့အတွက် ပုံမှန် China Version အပြင် Global Version ကိုပါ မိတ်ဆက်သွားမယ့်ပုံစံပါပဲ။

Xiaomi ရဲ့ Teaser ဓါတ်ပုံအရတော့ Redmi Note 9 Series ဟာ Square Cutout Design ကို အသုံးပြုထားတဲ့ Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပြီးတော့ ပိုပြီးကောင်းမွန်တဲ့ Premium Design ၊ Immersive Gaming Experience နဲ့ Fast Charging နည်းပညာအသစ်တွေကို ထည့်သွင်းလာမှာပါ။

ဒါတင်မဟုတ်သေးဘဲ Port တွေအနေနဲ့ USB-C ၊ Headphone Jack တွေပါဝင်လာဦးမှာဖြစ်ပြီး Speaker အနေနဲ့ကတော့ Button-firing Mono Speaker ကိုပဲ ဆက်လက်အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။

Ref – GSM Arena