Xiaomi ဟာ Pad 7 Series အမည်ရ နောက်မျိုးဆက် တက်ဘလက် အသစ်တွေကို ဖန်တီးနေပါတယ်။ အောက်တိုဘာလမှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ တက်ဘလက်တွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားနေပါတယ်။ အခုတော့ Digital Chat Station က Xiaomi ရဲ့ OLED တက်ဘလက်အကြောင်း သတင်းပေးလာပါတယ်။

DCS က Pad 7 Series အတွက် တက်ဘလက် ၃ လုံးကို ကြေညာမယ်လို့ ပြောပါတယ်။ Xiaomi ဟာ Snapdragon 8 Gen 3 ပါတဲ့ တက်ဘလက် ၂ လုံးကို ကြေညာမှာပါ။ အဲဒီ တက်ဘလက်တွေမှာ LCD Display တပ်ဆင်ထားပြီး 11” နဲ့ 12” အရွယ်အစား ရှိမှာပါ။

Xiaomi's Upcoming OLED Tablet to Feature 24GB RAM and 120W Fast Charging

တတိယ တက်ဘလက်မှာ 11” OLED Display နဲ့ 144Hz Refresh Rate ထည့်သွင်းထားမှာပါ။ Snapdragon 8 Series Processor မောင်းနှင်ထားမှာ ဖြစ်ပြီး Snapdragon 8 Gen 2  သို့မဟုတ် Snapdragon 8s Gen 3 ပါလာနိုင်ပါတယ်။ အမြင့်ဆုံး မော်ဒယ်မှာ 24GB RAM ပါလာမှာ ဖြစ်ပြီး 120W Charging ထောက်ပံ့ထားမှာပါ။ ဒီဇိုင်း အပိုင်းမှာ Xiaomi Pad 6 Series နဲ့ တော်တော်တူညီမှာပါ။

10,000mAh Battery ထည့်သွင်းထားမှာ ဖြစ်ပြီး HyperOS 2.0 မောင်းနှင်ထားမှာပါ။ အောက်တိုဘာလမှာ Xiaomi 15 Series နဲ့အတူ တက်ဘလက်တွေကို ကြေညာနိုင်ပါတယ်။

Ref : gizmochina