တရုတ်ရဲ့ နာမည်ကြီး ကားကုမ္ပဏီ Xpeng က Tesla Cybertruck နဲ့ ဆင်တူတဲ့ Concept လျှပ်စစ်ကားကို ပြသလိုက်ပါတယ်။ ဘီး ၆ လုံးတပ် ကားရဲ့ အနောက်ဘက် အခန်းမှာ ကားပျံ ၁ စီးကို တင်ဆောင်နိုင်ပါတယ်။

အဲဒီကားကို Land Aircraft Carrier လို့ အမည်ပေးထားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အခြေအနေမှာ အရေးပေါ် ဝန်ဆောင်မှုပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ တောင်တွေ ပေါ်မှာ ကယ်ဆယ်ရေး လုပ်တာလို လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

Land Aircraft Carrier ဟာ Cybertruck နဲ့ ဒီဇိုင်း ဆင်တူပေမယ့် လုံးဝ တူတာတော့ မဟုတ်ပါဘူး။ ဘေးဘက်တွေက ပြားချပ်ပြီး ထောင့်ချိုးကျတဲ့ Panel တွေ တပ်ဆင်ထားပါတယ်။ ဆေးမသုံးထားတဲ့ စတီး ကိုယ်ထည်က Cybertruck နဲ့ တူပါတယ်။

XPeng Unveils Six-Wheeled Cybertruck-Like SUV Concept Capable of Launching an eVTOL - autoevolution

Xpeng Land Aircraft Carrier ဟာ Tesla Cybertruck လို လျှပ်စစ်ကား မဟုတ်ဘဲ Hybrid အမျိုးအစား ဖြစ်ပါတယ်။ လျှပ်စစ် စွမ်းအင် သုံးနိုင်သလို လောင်စာဆီ အင်ဂျင်လည်း ပါပါတယ်။

Hybrid စနစ်က အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ပိုမို အသုံးဝင်ပါတယ်။ Land Aircraft Carrier ရဲ့ အနောက်ဘက် အခန်းထဲမှာ ကားပျံ ၁ စီးကို တင်ဆောင်နိုင်ပါတယ်။

ဟယ်လီကော်ပတာ စတိုင် ကားပျံမှာ လူ ၂ ယောက် စီးနင်းနိုင်ပြီး Land Aircraft Carrier ရဲ့ အနောက်ဘက် အခန်းကနေ ပျံတက်နိုင်ပါတယ်။

Xpeng Land Aircraft Carrier ဟာ ကုမ္ပဏီရဲ့ ပဉ္စမမြောက် Concept မော်ဒယ် ဖြစ်ပါတယ်။ Xpeng ဟာ တရုတ်မှာ လျှပ်စစ်ကား ထုတ်လုပ်ဖို့ Volkswagen နဲ့ ပူးပေါင်းထားပါတယ်။ ကုမ္ပဏီက Land Aircraft Carrier ကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref: gizmochina