အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင် Yamada Holdings Co. က Japan နိုင်ငံ အနောက်ပိုင်း Osaka မြို့မှာ ကျင်းပခဲ့တဲ့ World Exposition (ကမ္ဘာ့ကုန်စည်ပြပွဲ) မှာ လူစိတ်ဝင်စားမှုများခဲ့တဲ့ လူ ရေချိုးစက် (human washing machine) ကို Tokyo မြို့ Ikebukuro ရပ်ကွက်က သူတို့ရဲ့ ပင်မအရောင်းဆိုင်မှာ ရောင်းချသွားမယ်လို့ ပြောပါတယ်။

Japan's 60 Million Yen 'Human Washing Machine' for Commercial Use

“Mirai (future) Human Washing Machine” ရဲ့ သရုပ်ပြစက်ပုံစံငယ် တစ်ခုကို ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ဆိုင်မှာ ပြသထားမှာဖြစ်သလို ကိုယ်တိုင်စမ်းသပ်အသုံးပြုနိုင်မယ့် နေရာ (experience corner) တစ်ခုလည်း ပါဝင်မယ်လို့ Yamada Holdings က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ဒီပစ္စည်းကို ဘယ်တော့ စတင်ရောင်းချမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ဈေးနှုန်းကတော့ ယန်း သန်း ၆၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီ လူလျှော်စက်ကို ပူဖောင်းအသေးစားလေးတွေ (fine bubbles) ထုတ်ပေးတဲ့ နည်းပညာသုံး ထုတ်ကုန်တွေ ထုတ်လုပ်တဲ့ Osaka အခြေစိုက် Science Co. က တီထွင်ထားတာ ဖြစ်ပါတယ်။

Yamada to Sell Human Washing Machine | Nippon.com

၂.၃ မီတာရှည်တဲ့ ဆေးတောင့်ပုံစံ စက်ထဲမှာ ဝင်လှဲနေလိုက်ရုံနဲ့ ရေချိုးသူကို microbubbles တွေ၊ ရေမှုန်ရေမွှားတွေနဲ့ ဆေးကြောပေးမှာဖြစ်ပြီး အခြောက်ခံတာအပါအဝင် လုပ်ငန်းစဉ်တစ်ခုလုံးကို ၁၅ မိနစ်လောက်နဲ့ ပြီးစီးစေမှာ ဖြစ်ပါတယ်။

အသုံးပြုနေချိန်မှာ အာရုံခံကိရိယာ (Sensors) တွေက ရေချိုးသူရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ပေးမှာဖြစ်ပြီး စက်ကနေ စိတ်ပြေလက်ပျောက်ဖြစ်စေမယ့် ပုံရိပ်တွေနဲ့ ဂီတသံတွေကိုလည်း ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ပြီးဆုံးသွားတဲ့ Expo ပွဲမှာ ဒီရေချိုးစက်ကို စမ်းသပ်ဖို့ လျှောက်ထားသူ ၄၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။

“Expo ပွဲကို မလာရောက်နိုင်ခဲ့တဲ့သူတွေကို ဒီနည်းပညာကို လက်တွေ့ခံစားဖူးစေချင်ပါတယ်” လို့ Science ဥက္ကဋ္ဌ Yasuaki Aoyama က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Ref: bbc