Gsmarena က Android Device ရဲ့ Google Play Store မှာ App ၄ ခုကို တစ်ပြိုင်နက် Install/Update ပြုလုပ်နိုင်ပြီလို့ ပြောပါတယ်။

Google Play Store allows installing/updating up to four apps/games at the same time

Gsmarena က 42.4.22-31[0] [PR]663941805 Version Number ရှိတဲ့ Google Play Store မှာ App နဲ့ Game တွေကို Install ပြုလုပ်ကြည့်တဲ့အခါ App သို့မဟုတ် Game ၄ ခုကို တစ်ပြိုင်နက် Install လုပ်တာကို တွေ့ခဲ့ရပါတယ်။ တခြား App တွေကိုတော့ Pending အနေနဲ့ ပြသထားပါတယ်။ ဒီစမ်းသပ်မှုကို အိန္ဒိယမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး တခြား နိုင်ငံတွေမှာ ရမလားဆိုတာ မသိသေးပါဘူး။

Install လုပ်ရုံသာမက App တွေကို Update လုပ်တဲ့ အခါမှာလည်း ၄ ခုကို တစ်ပြိုင်နက် Update လုပ်ပေးပါတယ်။

Google Play Store allows installing/updating up to four apps/games at the same time

Google ဟာ ဒီလုပ်ဆောင်ချက်ကို ဆာဗာ ကနေ User အနည်းငယ်အတွက်ပဲ ဖြန့်ချိပေးလိုက်တာ ဖြစ်နိုင်ပါတယ်။ အိန္ဒိယမှ Android Device အများစုမှာတော့ App/Game ၃ ခုကိုပဲ တစ်ပြိုင်နက် Install/Update ပြုလုပ်ပေးပါတယ်။

Google က မကြာခင်မှာ Android Device အားလုံးမှာ ဒီ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးတော့မယ်လို့ ထင်ပါတယ်။

Ref : gsmarena