TikTok ဟာ လူငယ်တွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ လူမှုကွန်ရက် ၁ ခု ဖြစ်နေပါပြီ။ အမေရိကန် ကုမ္ပဏီတွေ TikTok ကို အပြိုင်ဝိုင်းလုနေတာက သက်သေတွေပါပဲ။ Instagram က TikTok ကို ပြိုင်မယ့် ဝန်ဆောင်မှု ၁ ခုကို ပြုလုပ်ခဲ့ပြီးပါပြီ။ အခုတော့ YouTube ရဲ့ အလှည့်ရောက်လာပါပြီ။

YouTube ဟာ ဗီဒီယို အတိုတွေ မျှဝေတဲ့ Shorts ကို တရားဝင် ကြေညာလိုက်ပြီး ပင်မ YouTube App မှာပဲ သုံးနိုင်ပါတယ်။ YouTube ဟာ မိုဘိုင်း App မှာ ဗီဒီယို အတိုတွေကို တင်လို့ရတဲ့ လုပ်ဆောင်ချက်ကို မကြာခင်က အသားပေးဖော်ပြခဲ့ပေမယ့် အခုမှပဲ Shorts နာမည်နဲ့ တရားဝင် ကြေညာလိုက်တာပါ။ Shorts မှာ TikTok မှာလို ဗီဒီယို ဖန်တီးတဲ့ Tools တွေ ထည့်သွင်းပေးထားပြီး လက်ရှိ အိန္ဒိယမှာပဲ Beta Version အနေနဲ့ ဝန်ဆောင်မှု ပေးထားပါတယ်။

Short ၁ ခုဟာ ၁၅ စက္ကန့်ပဲ ကြာမြင့်ပြီး ဗီဒီယိုတွေကို ပေါင်းစပ်ဖန်တီးနိုင်ပါတယ်။ YouTube က သူ လိုင်စင်ရထားတဲ့ သီချင်းတွေကို ဗီဒီယိုမှာ ထည့်သုံးခွင့်ပေးထားတာက မိုက်ပါတယ်။ User  တွေဟာ ဗီဒီယို စတင် ရိုက်ကူးတဲ့အခါမှာ Timer ကို မြင်ရမှာ ဖြစ်ပြီး ရိုက်ကူးတဲ့ အမြန်နှုန်းကို ချိန်ညှိနိုင်သလို Creation တွေ ထည့်သွင်းနိုင်ပါတယ်။ YouTube က Shorts ကို လူသုံးများအောင် အောက်ခြေက Navigation Bar မှာ Upload ခလုတ်ကို ထည့်သွင်းပေးထားပါတယ်။

YouTube က Shorts ဟာ Early Beta အဆင့်ပဲ ရှိသေးပေမယ့် User တွေရဲ့ သဘောထားကို သိချင်သလို ပိုကောင်းအောင် လုပ်ချင်တဲ့အတွက် စတင် ဖြန့်ချိပေးလိုက်ပြီလို့ ပြောပါတယ်။ လက်ရှိမှာ Shorts ဟာ TikTok လောက် လုပ်ဆောင်ချက်တွေ မများသေးပါဘူး။ နောက်ပိုင်းမှာတော့ Shorts ဟာ ကမ္ဘာအဝန်းမှာ သုံးစွဲသူ အခိုင်အမာရထားတဲ့ TikTok ကို ယှဉ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Ref : tnw