YouTube မှာ Premium User တွေအတွက် လုပ်ဆောင်ချက် အသစ်တွေကို အရင်ဆုံး မြည်းစမ်းခွင့်ရတဲ့ အစီအစဉ် ရှိပါတယ်။ အခုတော့ YouTube က ဗီဒီယိုတွေမှာ Zoom လုပ်နိုင်တဲ့ “Pinch to Zoom” လုပ်ဆောင်ချက် အသစ်ကို ထည့်သွင်းပေးလိုက်ပါတယ်။ Landscape Mode မှာတောင် ဒီလို ပြုလုပ်နိုင်ပါတယ်။

YouTube finally brings pinch-to-zoom gestures for Android users

YouTube Premium Subscriber တွေဟာ Background မှာ ဗီဒီယိုတွေ ဖွင့်နိုင်တဲ့ လုပ်ဆောင်ချက်နဲ့ ဗီဒီယိုတွေကို ဒေါင်းလုပ်လုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ရထားပါတယ်။ Premium User တွေဟာ တခြား သူတွေထက် လုပ်ဆောင်ချက် အသစ်တွေကို အရင် အသုံးပြုနိုင်ပါတယ်။

Android users rejoice as YouTube finally allows you to zoom in on videos - TechnoSports

YouTube က Premium User တွေအတွက် ဘရောက်စာမှာ အသံနဲ့ ရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားသလို Playlist တွေကို လွယ်ကူစွာ Drag လုပ်အောင်လည်း စီစဉ်နိုင်ပါတယ်။

အခုတော့ YouTube က Experimental Feature Page မှာ “Pinch to Zoom” လုပ်ဆောင်ချက် အသစ်ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဗီဒီယို Player မှာလက်နှစ်ချောင်းကို ပွတ်ဆွဲကာ Zoom လုပ်နိုင်မှာ ဖြစ်ပါတယ်။ Zoom လုပ်ပြီးတာနဲ့ သင်ကြည့်ချင်တဲ့ အပိုင်းကို ရွေ့လျားကြည့်ရှုနိုင်ပါတယ်။ ဒီ လုပ်ဆောင်ချက်ဟာ Portrait Mode အတွက် ပို အသုံးဝင်ပါတယ်။

သင်ဟာ Premium User ဆိုရင် Android က YouTube App ကို ဖွင့်ပြီး Profile Photo ကို နှိပ်ပါ။ Your Premium Benefits ထဲက Try New Features ထဲသွားပြီး “Pinch to Zoom” ကို ဖွင့်ပေးပါ။

Ref : 9to5google