နာမည်ကြီး YouTuber ၂ ယောက်က တကယ် သုံးလို့ရတဲ့ ကြီးမားတဲ့ iPhone ကို ဖန်တီးလိုက်ပြီး ကမ္ဘာ့ စံချိန်တင်သွားပါတယ်။

Arun Maini constructed an 6.74-foot tall version of an iPhone 15 Pro Max, which set the Guinness World Record for the largest smartphone replica.

Arun Maini နဲ့ Matthew Perks တို့ဟာ ၆.၇၄ ပေ မြင့်တဲ့ iPhone 15 Pro Max ကို ဖန်တီးလိုက်ပြီး ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်း အဖြစ် ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားပါတယ်။

Arun Maini with Guinness World Record award for creating the largest smartphone replica

ဒီစံချိန်တင်ဖို့အတွက် ဖုန်းဟာ တကယ် အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ သူတို့ဟာ ၈၈ လက်မ OLED TV ကို အသုံးပြုထားပြီး Message နဲ့ အီးမေး ပေးပို့နိုင်အောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် App တွေ သုံးနိုင်ပြီး ဓါတ်ပုံတောင် ရိုက်နိုင်ပါတယ်။ ဓါတ်မီးနဲ့ အားသွင်းပေါက် တပ်ဆင်ထားပြီး ကမ္ဘာမှာ အကြီးဆုံး USB-C ကြိုး ထည့်သွင်းထားပါတယ်။

The largest smartphone replica is 2.054 m (6.74 ft) and was achieved by Arun Maini (UK) and Matthew Perks (UK) in London, UK, on 29 August 2024.

Perks က “ ဖုန်းရဲ့ အစိတ်အပိုင်းအားလုံးဟာ တကယ် အလုပ်လုပ်ပါတယ်။ Screen , Camera , Speaker နဲ့ Buttons တွေ အားလုံး တကယ် အလုပ်လုပ်ပါတယ်။ “ လို့ ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ YouTube မှာ Follower သန်းပေါင်းများစွာ ရထားပါတယ်။ Maini aka Mrwhosetheboss ဟာ Subscriber ၁၉.၄ သန်းနဲ့ Perks aka DIYPerks ဟာ Follower ၄.၆၁ သန်း ရထားပါတယ်။

Ref : nypost