Zeekr က Zeekr 7X အမည်ရ နောက်ဆုံးထုတ် လျှပ်စစ်ကားကို ပြသလိုက်ပြီး ၉ မိနစ် ၄၅ စက္ကန့်ထဲနဲ့ ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ 800V Golden Battery ထည့်သွင်းထားပါတယ်။ အလွန်အားသွင်းလျှင်မြန်တဲ့ Battery ဟာ တစ်နာရီမှာ ၁,၂၇၀ မိုင် (၂,၀၄၃ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။

Battery စွမ်းဆောင်ရည်ကို လက်တွေ့ကမ္ဘာမှာ စမ်းသပ်ကြည့်တဲ့အခါ Zeekr ရဲ့ Charging Network ကို အသုံးပြုတဲ့အခါ ၁၉ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ အလွန်အေးမြတဲ့ အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ်မှာ Battery ဟာ ၃၀ မိနစ်မှာ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။
![ZEEKR 7X EV debuts ahead of deliveries next month [Video]](https://electrek.co/wp-content/uploads/sites/3/2024/08/ZEEKR-7X-EV-hero.jpg?quality=82&strip=all)
Zeekr ဟာ သူ့ရဲ့ Charging Network ကို ဩစတြေးလျနဲ့ ထိုင်းကို တိုးချဲ့ဖို့ ကြိုးစားနေပြီး အလွန်လျှင်မြန်တဲ့ အားသွင်းနည်းပညာနဲ့ လျှပ်စစ်ကားတွေကို လူသုံးများအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။
လျှပ်စစ်ကားတွေရဲ့ အားနည်းချက်က အားသွင်းချိန်ကြာမြင့်တာ ဖြစ်ပါတယ်။ အဲဒီအတွက် နည်းပညာ ကုမ္ပဏီတွေက အားသွင်းမြန်တဲ့ နည်းပညာတွေကို ဖန်တီးနေကြပါတယ်။ မကြာခင်မှာတော့ မိနစ် အနည်းငယ် အားသွင်းတာနဲ့ ခရီးဝေးဝေးသွားနိုင်တဲ့ နည်းပညာတွေ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။