အမေရိကန် ပြည်ထောင်စု လတ်စ်ဗီးဂတ်စ်မှာ ကမ္ဘာ့အကြီးမားဆုံး နည်းပညာ ပြပွဲ ဖြစ်တဲ့ Consumer Electronics Show (CES) 2025 ကို ကျင်းပနေပါတယ်။ အဲဒီ ပွဲမှာ တစ်ကမ္ဘာလုံးမှ ကုမ္ပဏီတွေက ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေကို ပြသနေကြပါတယ်။

ZERO BREEZE Launches Mark 3: The Revolutionary Portable AC for Outdoors on  Indiegogo - PR Newswire APAC

အခုတော့ အဲဒီပွဲမှာ မီး အရမ်းပျက်တဲ့ မြန်မာနိုင်ငံနဲ့ ကိုက်တဲ့ နည်းပညာ ထုတ်ကုန် အသစ် တစ်ခုကို ပြသလိုက်ပါတယ်။ အဲဒါကတော့ နာရီ ၂၀ ကြာ သုံးနိုင်တဲ့ Solar အဲကွန်း ဖြစ်ပါတယ်။

Buy ZERO BREEZE Mark 3-The ZERO BREEZE Store

ZERO BREEZE က Mark 3 Portable အဲကွန်းကို ပြသလိုက်ပြီး နေအိမ်ထဲမှာသာမက အပြင်သွားတဲ့အချိန်မှာလည်း ယူဆောင်သွားနိုင်ပါတယ်။ ဒီဇိုင်းက ပေါ့ပါးပြီး အရွယ်အစား သေးငယ်ပြီး မီးပျက်တဲ့ အချိန်၊ ပျော်ပွဲစားထွက်တဲ့ အချိန်မှာ အသုံးဝင်ပါတယ်။ ဘက်ထရီ ၁ လုံးနဲ့ ဆိုရင် ၇ နာရီ ကနေ ၁၀ နာရီနဲ့ ဘက်ထရီ ၂ လုံးနဲ့ဆိုရင် နာရီ ၂၀ အထိ အသုံးပြုနိုင်ပါတယ်။

အဲကွန်းမှာ အအေးမြန်စေတဲ့ “Rocket” Mode နဲ့ ညအိပ်ချိန်မှာ အသံဆူညံမှု လျော့နည်းစေတဲ့ “Sleep” Mode တွေ ထည့်သွင်းထားပါတယ်။ နေရောင်ခြည်စွမ်းအင်နဲ့ အားသွင်းနိုင်ပြီး အခြေခံမော်ဒယ်ကို ၁,၃၉၉ ဒေါ်လာနဲ့ ဘက်ထရီ ၂ လုံးပါတဲ့ မော်ဒယ်ကို ၂,၃၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အဲကွန်းနဲ့ တွဲသုံးနိုင်တဲ့ Solar Panel ကိုလည်း ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကနေ ရောင်းချပေးထားပါတယ်။

Ref : Tech Explorers