Unicode

Google ကနေ Android 10 ကို ပြီးခဲ့တဲ့ မေလမှာ ပြုလုပ်ခဲ့တဲ့ Google I/O 2019 မှာထဲက မိတ်ဆက်ပေးခဲ့တာဖြစ်ပေမယ့် အခုအချိန်အထိကို စမတ်ဖုန်းထုတ်လုပ်သူတွေက Android 10 ကို Update ပြုလုပ်နိုင်ဖို့ ကြိုးစားနေကြတုန်းပါ။ အခုလည်း ZTE ကနေ Android 10 OS ကို အခြေခံတဲ့ UI အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

အခု မိတ်ဆက်လိုက်တဲ့ UI အသစ်ကိုတော့ MiFavor 10 OS လို့ နာမည်ပေးထားပြီးတော့ Android 10 ကို အခြေခံထားမှာဖြစ်သလို ယခင်တုန်းကနဲ့ ယှဥ်ရင်သိသိသာသာကို ပြောင်းလဲသွားတာကို တွေ့ရပါတယ်။

အရင်ဆုံး ဒီ MiFavor 10 OS ဟာ Dark Mode ပါဝင်လာမှာဖြစ်ပြီးတော့ OS တစ်ခုလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ အဆိုပါ Dark Mode က Finalized မဖြစ်သေးပေမယ့် နောက်ပိုင်းမှာ ညဘက်အသုံးပြုတဲ့အချိန်မှာပါ အဆင်ပြေအောင် ပြုလုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။

နောက်ထပ်အနေနဲ့လည်း Icon တွေကို ပြန်လည်ပြင်ဆင်ထားပြီး System Icon ပေါင်း ၁၆၀၀ ကျော်ကို တူညီတဲ့ Visual Experience ရရှိစေဖို့အတွက် Rounded Corner တွေပြုလုပ်ပေးထားသလို System Icon ၈၀ ကျော်ကိုလည်း Micro-motion Effect ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ MiFavor 10 ဟာ Motion Curve တွေ၊ Transition တွေကို ပိုပြီး Smooth ဖြစ်အောင်နဲ့ UI Movement တွေကိုပါ Gesture Navigation အတွက် အသားကျနေအောင် Optimize ပြုလုပ်ထားပါသေးတယ်။

Themes နဲ့ Wallpaper တွေအနေနဲ့လည်း Dynamic Wallpaper ကို Support ပြုလုပ်လာတဲ့အပြင် Theme အသစ် ၆ မျိုးခန့်ပါဝင်လာမှာဖြစ်ပါတယ်။ Notification တွေမှာလည်း လက်ရှိ Samsung ရဲ့ OneUI မှာလိုမျိုး Floating Notification Feature ပါဝင်လာမယ်လို့ သိရပါတယ်။

နောက်ထပ် Feature အသစ်အနေနဲ့ကတော့ Smart Screen Recognition ပါဝင်လာမှာဖြစ်ပြီး အဆိုပါ Feature ဟာဆိုရင် Google Assistant လိုမျိုး Screen ပေါ်မှာ လက် ၂ ချောင်းနဲ့ Long Press ပြုလုပ်လိုက်တာနဲ့ Screen ပေါ်မှာရှိနေတဲ့ Text ၊ Image တွေကို Copy ယူနိုင်မယ့်အပြင် Animal ၊ Plant တွေနဲ့ Special Character တွေကိုပါ ရှာဖွေပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒ့ါအပြင် ZTE ကနေ UI တစ်ခုလုံးမှာ အသံနဲ့ပဲ ခိုင်းစေပြီး Navigate ပြုလုပ်နိုင်တဲ့ Full-feature Voice Control ကိုပါ မိတ်ဆက်လာခဲ့ပါတယ်။ အခု Feature ဟာ WeChat Message တွေဖတ်ခိုင်းတာကအစ App တော်တော်များများမှာ အသုံးပြုနိုင်မှာဖြစ်သလို Natural Semantic Engine ကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။

နောက်ထပ် Feature တစ်ခုကိုတော့ Z-Booster 2.0 ဆိုပြီး Gaming Performance ကိုပိုကောင်းလာစေမယ့် AI Engine အသစ်ကို ထည့်သွင်းလာခဲ့တာပါ။ အခု MiFavor 10 OS ဟာ ZTE Axon 10 Pro ၊ ZTE Blade V10 နဲ့ ZTE Axon 9 Pro ဖုန်းတွေမှာ Update ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena

Zawgyi









Ref – GSM Arena